သတင်း ရဲစခန်းသိမ်းပိုက်ခံရသည့်ထန်တလန်မြို့ကိုစစ်ကောင်စီတပ်လေကြောင်းမှအင်အားဖြည့် “ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း စပယ်နံသာရဲစခန်းPDFများစီးနင်းတိုက်ခိုက်စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေ၊ PDF ၄ ဦးဒဏ်ရာရ စံပယ်နံသာရဲစခန်းကိုဖေဖော်ဝါရီလ(၉)ရက် မနက် ၀ဝးနာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး မနက်၉ နာရီ ၂ မိနစ်တွင် ရဲကင်းစခန်း နှင့်ဗန်ကာများအား မီးရှို့ခဲ့ပြီးရန်သူတပ်သား (၂၀)ဦး ခန့်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်ညတွင် ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း လွိုင်ကော်မြို့ တပ်စွဲထားသောစစ်ကောင်စီစခန်းနေရာများအား PDFနှင့် KNDF တိုက်ခိုက် ယမန်နေ့ နံနက်ပိုင်းက ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီ စခန်းများကို KNDF B -14 ၊ B -02 နှင့် လွိုင်ကော် PDF တို့ပူးပေါင်း၍ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း ဆားလင်းကြီး MRAစခန်း စီးနင်းမီးရှို့ခံရပြီး ကျပ်သိန်း၂၀၀ ခန့်ဆုံးရှုံး ဖေဖော်ဝါရီ ၇ရက်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖိုလ်ဝင်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် MRA စခန်းသို့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း ဖာပွန်ခရိုင် မဲဝိုင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦး ဒဏ်ရာရ၊ စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ် နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးသည် မယ်ဝေဒေသ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး သုံးလုံးနှင့် စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ သပိတ်အဖွဲ့ဝင် ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင် ၊ကိုလှမျိုးအောင် တို့ ဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း တန့်ဆည်ရှိပျူစခန်းအားPDFများတိုက်ခိုက်စစ်ကောင်စီတပ်ဘက်မှအများအပြားသေဆုံး၊ PDF ၂ ဦးလည်းကျဆုံး တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း ညောင်ပင်ဝန်းရဲစခန်းကိုPDFများတိုက်ခိုက် ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းရွာက ပြည်သူ ၃ ဦးအား သတ်ဖြတ်ခဲ့ပြီးပြည်သူ ၇ ဦးခန့် ဖမ်းဆီးသွားခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023
သတင်း မုံရွာမြို့နယ်တွင် ပျူစခန်းမှထွက်လာသည့် ရိက္ခာတင်ယာဥ်အား မိုင်းဆွဲတိုက်ခိုက် အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်အပြီးတွင် စစ်အုပ်စုက လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 9, 2023
သတင်း ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီထောက်ပို့ဆက်သွယ်ရေး တံတားတစ်စင်းအား မိုင်းခွဲဖြတ်တောက် စစ်ဆင်ရေးတွင်ပါဝင်သော ညောင်လေးပင်(ပ.က.ဖ)နှင့် ကျောက်တံခါး(ပ.က.ဖ)မှတော်လှန်ရေးရဲဘော်များမှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 9, 2023