Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီး MRAစခန်း စီးနင်းမီးရှို့ခံရပြီး ကျပ်သိန်း၂၀၀ ခန့်ဆုံးရှုံး

ဖေဖော်ဝါရီ ၇ရက်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖိုလ်ဝင်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် MRA စခန်းသို့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA
မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ MRA စခန်းအား စစ်ကောင်စီတပ်က စီးနင်းချိန်တိုက်မိုင်းထိ၍ တစ်ဦးသေဆုံးပြီး စခန်းအားမီးရှို့သွား၍ ကျပ်သိန်း ၂၀၀ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း Myanmar Revolution Army – MRA၏ တာဝန်ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၇ရက်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖိုလ်ဝင်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် MRA စခန်းသို့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA
မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – MRA

အဆိုပါ စစ်ကောင်စီတပ်သည် MRA ရဲဘော်များစခန်းအတွင်း ထောင်ထားခဲ့သည့် နင်းမိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် စခန်းအား နံနက် ၁၁ နာရီခွဲခန့်တွင် မီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပြင်တွင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရကြောင်း MRA တာဝန်ခံတစ်ဦးက ပြောသည်။

“သေတာက စကစထဲက ဖြစ်နိုင်တယ်။ ၆ရက်နေ့က စခန်းအနီးကဖြတ်ပြီး ဖိုလ်ဝင်တောင်ပေါ် တက်တုန်းက ထောင်ထားခဲ့တာ။”ဟု MRA တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - MRA
မီးလောင်ကျွမ်းနေသော MRA စခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – MRA

ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် ကူအညီများလိုအပ်နေကြောင်း MRAက ဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ခုနစ်ရွာက ဒေသခံပြည်သူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။