Connect with us

Hi, what are you looking for?

သတင်း

ညောင်ပင်ဝန်းရဲစခန်းကိုPDFများတိုက်ခိုက်

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းရွာက ပြည်သူ ၃ ဦးအား သတ်ဖြတ်ခဲ့ပြီးပြည်သူ ၇ ဦးခန့် ဖမ်းဆီးသွားခဲ့သည်။

(တိုက်နယ်စွန်PDF၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(တိုက်နယ်စွန်PDF၏ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎စစ်ကူလာသည့်ယာဥ်ကိုပါ PDFများကမိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ညောင်ပင်ဝန်းရဲစခန်းကိုPDFများကတိုက်ခိုက်နေစဥ် စစ်ကူလာသည့်စစ်​ကောင်စီတပ်ကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းရွာက ပြည်သူ ၃ ဦးအား သတ်ဖြတ်ခဲ့ပြီးပြည်သူ ၇ ဦးခန့် ဖမ်းဆီးသွားခဲ့သည်။

ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် ညောင်ပင်ဝန်းရဲစခန်းကို မဟာမိတ် အဖွဲ့များနှင့်အတူ လက်နက်ကြီး လက်နက်ငယ်၊ တာဝေးပစ်များ၊မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်ပြောသည်။

ထို့အပြင် တိုက်နယ်စွန် PDF အဖွဲ့၏ ကင်းပုန်းအဖွဲ့သည် စစ်ကိုင်း တပ်မ ၃၃ မှ စစ်ကူလာသော စစ်ကားကိုပါ ည ၈ နာရီကျော်ကျော်တွင် မိုင်း ၂ လုံးခွဲ၍ တိုက်ခိုက်ပြီး တာဝေးပစ်လက်နက်ဖြင့်လည်း ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ည ၈ နာရီခန့်ကစပြီး တိုက်နယ်စွန် PDFက ၁၂၀ မမ ၅ လုံး ၊ ၈၀ မမ ၃ လုံး၊ ၆၀ မမ ၁၀ လုံး၊ ဒုံးပစ် ၅ လုံး နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗိုလ်ရာမ အဖွဲ့မှ ၆၀ မမ ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

နံနက် ၃ နာရီဝန်းကျင်တွင် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးကြောင်းလည်းဖော်ပြထားသည်။

“လက်ရှိကတော့ညောင်ပင်ဝန်းစခန်းဘက်မှာ အင်းအားထပ်ဖြည့်ထားတယ်။ ညောင်ပင်ဝန်း ရွာတောင်ဘက်မှာ ခုလက်ရှိ ဝင်ရောက်မွှေနှောက်နေတယ်ဗျ။ ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။”ဟု တိုက်နယ်စွန် PDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးကို တိုက်နယ်စွန် PDF နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော ရင်း ၈၊ ဗိုလ်ရာမ၊ဒေါင်းနီခွဲ ၁၊ Zero power၊ စွန်ရဲ၊ ပ.က.ဖ အဖွဲ့ ၂ ဖွဲ့ တို့နှင့် ပူးပေါင်း ဆောင်ရွက်​ခဲ့ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၇ရက်နေ့ကလည်းညောင်ပင်ဝန်းရဲစခန်းမှ ခြေလျင်ထွက်လာသော ရဲ ၇ဦးအား ပဒေသာမိုင်းများ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးပွဲချင်းပြီးသေဆုံးကြောင်း Moe Nyo Revolution Force MNRFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။