Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်ရှိပျူစခန်းအားPDFများတိုက်ခိုက်စစ်​ကောင်စီတပ်ဘက်မှအများအပြားသေဆုံး၊ PDF ၂ ဦးလည်းကျဆုံး

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

(တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Taze PDF)
(တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Taze PDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် အင်ကုက္ကားရွာ ပျူစောထီးစခန်းအား တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှအများအပြားသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီလ၉ရက်) နံနက်၁နာရီခန့်ကတန့်ဆည်မြို့နယ်၊ အင်ကုက္ကားရွာရှိ ပျူ‌စောထီးစခန်းကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူများ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းတန့်ဆည် PDFကအသိ​ပေးသည်။

ထိုသို့ တိုက်ခိုက်ရာ ရဲစခန်းကို မနက် ၇ နာရီ ၅၉ မိနစ်တွင် သိမ်းဆည်းနိုင်ခဲ့သည်။ထိုတိုက်ခိုက်မှုတွင် PDF ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနက​နေ့စဥ်ထုတ်ပြန်​​​သောစစ်​ရေးသတင်းတွင်လည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အုပ်စုရှိရာတန့်ဆည်ရဲစခန်း၊ တန့်ဆည်ဘောလုံးကွင်းနှင့် ထွေအုပ်ရုံးတို့ကိုလည်း ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၄)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅)က ထုတ်ပြန်သည်။

ဖြစ်စဥ်များနှင့်ပတ်သက်၍ PDFအဖွဲ့များထံPeople’s Springက ဆက်သွယ်မေးမြန်း​သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ၆ရက် နံနက်၉နာရီခန့်ကလည်း တန့်ဆည်မြို့မှ ကံထူးမစံပြရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)နှင့် ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးသေဆုံးခဲ့ကြောင်း Taze PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။