Connect with us

Hi, what are you looking for?

သတင်း

ရဲစခန်းသိမ်းပိုက်ခံရသည့်ထန်တလန်မြို့ကိုစစ်ကောင်စီတပ်လေကြောင်းမှအင်အားဖြည့်

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

(စစ်​သားအ​လောင်းတစ်​လောင်းထံမှရ​ရှိသော ​သေနက်၂ လက်။ ဓါတ်ပုံ- CBN)
(စစ်​သားအ​လောင်းတစ်​လောင်းထံမှရ​ရှိသော ​သေနက်၂ လက်။ ဓါတ်ပုံ- CBN)

▪︎ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၁ဦး အလောင်းကိုလက်နက် ၂လက်နှင့်အတူတွေ့ရှိ

ချင်းပြည်နယ် ထန်တလန်မြို့ရှိ ရဲစခန်းကို ချင်းကာကွယ်ရေးတပ်(CDF)နှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထို့ပြင် CDFနှင့် CNA တပ်ဖွဲ့ဝင်များ ရှိမည်ဟု ယူဆသည့်နေရာများကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

“ထန်တလန်မှာ သူတို့ထောက်ပို့ ပစ္စည်းတွေ စစ်ကူတွေလာပို့တာလို့ ခန့်မှန်းလို့ရတာပေါ့။ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်းလာသွားတယ်” ဟုဆလိုင်းထက်နီကပြောသည်။

ထို့အပြင်ထန်တလန်မြို့နယ်အတွင်းရှိကျေးရွာတစ်ရွာအနီး၌ စစ်သားအလောင်းတစ်လောင်းကို လက်နက် ၂ လက်နှင့်အတူ တွေ့ရကြောင်း ၎င်းကဆက်​ပြောသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည်ဟုယူဆရသည့် စစ်သားသည် ၎င်းတို့ ထောင်ထားသည့် မိုင်းနင်းမိ ဒဏ်ရာရပြီး ဆက်လက်ထွက်ပြေးစဉ်သေဆုံးသွားသည်ဟု ယူဆရကြောင်း ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အလောင်း ၁လောင်းနဲ့ လက်နက် ၂လက် တွေ့ရှိရတာပေါ့။ ရတာက မနေ့ကပဲ ရတာ။ အလောင်းကတော့ နှစ်ရက် သုံးရက်လောက်တော့ကြာပြီ” ဟု ဆလိုင်းထက်နီက ပြောသည်။

CNA/CDF ချင်းပူးပေါင်းတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၈ရက်ညပိုင်းက ထန်တလန်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ ရဲစခန်းအတွင်းမှစစ်သားအလောင်း ၄လောင်း၊ ဒရုန်းပစ်လက်နက်များအပါအဝင်လက်နက် ၄၂ လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ယင်းမတိုင်မီကလည်း ထန်လန်မြို့ရှိ ဘဏ်အဆောက်အဦ တစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲ ၆ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်​ကောင်စီကမူ ရဲစခန်းသိမ်းပိုက်ခံရမှုမှာ CDF ကသာလွန်အင်အားဖြင့်တိုက်ခိုက်လာ၍ စစ်တပ်ရှိရာသို့ စနစ်တကျဆုတ်​ပြေးခြင်းဖြစ်ပြီး ပြုပြင်ရန်လိုသည့်လက်နက်အချို့ သာသိမ်းဆည်းခံရသည်ဟု စစ်​ကောင်စီမီဒီယာများမှ ဝါဒဖြန့်ထားသည်။

ယင်းမတိုင်မီကလည်း ထန်လန်မြို့ရှိ ဘဏ်အဆောက်အဦးတစ်ခု၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ရဲ ခြောက်ဦးကို ချင်းပူးပေါင်းတပ်က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။