Connect with us

Hi, what are you looking for?

သတင်း

သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ

သပိတ်အဖွဲ့ဝင် ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင် ၊ကိုလှမျိုးအောင် တို့ ဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။

သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ
သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁နှစ်ကြာချိန်အထိသတင်းအစအနမရ

စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး မြေပြင်သပိတ်အဖွဲ့ဝင် လူငယ် ၄ ဦး ဖမ်းခံရပြီး ၁ နှစ်ရှိလာပြီဖြစ်ပေမယ့် အဆက်အသွယ်မရမသေးလို့မိသားစုဝင်တွေ စိတ်ပူနေတယ်လို့ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

သပိတ်အဖွဲ့ဝင် ကိုသူရအောင် ၊ ကိုရဲဇင်ထွန်း၊ ကိုစိုးလင်းအောင် ၊ကိုလှမျိုးအောင် တို့ ဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းခံခဲ့ရတာပါ။

မန္တလေး ၊မဟာအောင်မြေမြို့နယ် နေအိမ် မှာ ရှိနေချိန် ဝင်ရောက်စီးနင်းဖမ်းခံလိုက်ရတာဖြစ်ပြီး ဖမ်းခံရချိန်က စကာ ဒီနေ့အချိန်ထိ သတင်းအစအန အဆက်အသွယ်မရသေးဘူးလို့သိရပါတယ်။

ဒါကြောင့် သူတို့ရဲ့အသက်အန္တရာယ်အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လူငယ် ၄ ဦးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးတာ မခံရချိန်က ကျန်းမာရေးကောင်းမွန်သူတွေဖြစ်လို့ ဖမ်းဆီးပြီးနောက် ဖြစ်ပေါ်လာသမျှအားလုံးကို တာဝန်ယူ၊တာဝန်ခံရမှာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက အသိပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။