Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီထောက်ပို့ဆက်သွယ်ရေး တံတားတစ်စင်းအား မိုင်းခွဲဖြတ်တောက်

စစ်ဆင်ရေးတွင်ပါဝင်သော ညောင်လေးပင်(ပ.က.ဖ)နှင့် ကျောက်တံခါး(ပ.က.ဖ)မှတော်လှန်ရေးရဲဘော်များမှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီတပ်၏ ထောက်ပို့ဆက်သွယ်ရေးတံတားတစ်စင်းကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မိုင်းခွဲဖြတ်တောက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဖေဖော်ဝါရီ ၉) ထုတ်ပြန်သည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

ညောင်လေးပင်မြို့နယ် ထိန်တပင်နှင့် ထော်နွတ်ကျေးရွာကြားရှိ စစ်ကောင်စီ၏ ထောက်ပို့ဆက်သွယ်ရေးအဖြစ် အသုံးပြုနေသောတံတားအား ယနေ့နေ့လည် ၂ နာရီ ၄၇မိနစ်ခန့်က ညောင်လေးပင်မြို့နယ်(ပ.က.ဖ)နှင့် ကျောက်တံခါးမြို့နယ်(ပ.က.ဖ)တို့ ပူးပေါင်းပြီး မိုင်းခွဲဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ရ်ိက္ခာသယ်တာ ထိခိုက်နိုင်သလို ကုန်ပစ္စည်းစီးဆင်းမှုအပေါ်မှာလည်း အနည်းငယ်သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမဲ့ တံတားက တစ်ခြမ်းပဲပျက်စီးသွားတော့ သွားလို့တော့ရပါသေးတယ်”ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
ဖျက်ဆီးခဲ့သော တံတားအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ

အဆိုပါ မိုင်းခွဲဖြတ်တောက်ခဲ့သော ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ ထောက်ပို့ဆက်သွယ်ရေးတံတားမှာ အရှည်ပေ ၆၀ရှိပြီး တံတားတစ်ခြမ်းကျိုးပဲ့ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးတွင်ပါဝင်သော ညောင်လေးပင်(ပ.က.ဖ)နှင့် ကျောက်တံခါး(ပ.က.ဖ)မှတော်လှန်ရေးရဲဘော်များမှာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆီသို့လှမ်းချီ ‘Road to Tenasserim’ ကမ်ပိန်းက အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်းကျော် ထောက်ပို့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။