Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင် မဲဝိုင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦး ဒဏ်ရာရ၊ စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးသည် မယ်ဝေဒေသ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး သုံးလုံးနှင့် စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News
ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU-Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် မဲဝိုင်(မဲဝေ)ဒေသတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၇ရက်က နေ့လည် ၁နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်များသည် မယ်ဝေအုပ်စု တိုမယ်ခီးကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်အား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

နေ့လည် ၁နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးသည် မယ်ဝေဒေသ ထိုကော့ကျော်ခီးကျေးရွာအပေါ်ပျံဝဲကာ ဗုံးသီး သုံးလုံးနှင့် စက်သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ထိမှန် ပျက်စီးခဲ့ကြောင်း၊ ထို့နောက်မွန်းလွဲ ၂နာရီခန့်တွင်လည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးသည် မယ်ဝေကျေးရွာသို့ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရိက္ခာတင်ရဟတ်ယာဉ် တစ်စီးထပ်မံ ရောက်ရှိကာ မယ်ဝေတပ်စခန်းအတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းများဟုယူဆရသည့် အထုပ်ကြီး(၈)ထုပ်အား ကြဲချပေးသွားကြောင်း ဖော်ပြထားသည်။

KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကအထိနာလျက်ရှိ၍ စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅၀ ဦးနီးပါး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

ဇန်နဝါရီအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်တပ်မှ လေးဝါးကျေးရွာနှင့် လာဂေါ်ဒဲကျေးရွာကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – KNU-Mutraw News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။