သတင်း စစ်ကောင်စီ လက်အောက်ခံတပ်စခန်းနှစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA အတည်ပြု စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ကျောက်ကြီးတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်လာ၍ ပြန်လည်ပစ်ခတ်ရာ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ရဟု KNU ထုတ်ပြန် တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်၊ ရာအိမ်မှူးတစ်ဦးသေ စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း တမူးမြို့တွင် အရပ်သားနှစ်ဦးကို PDFဟု စွပ်စွဲပြီး ပျူစောထီးများက သတ်ဖြတ် ထိုသို့ပစ်သတ်ပြီး ညနေပိုင်းတွင် အဆိုပါ တံတားအနီးမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့် ပျူစေထီးများက ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ ခိုးယူသွားသည်ဟု တမူးမြို့ခံများက ပြောသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားပြီး လက်နက်များ အသင့်ပြင် ထားသည့် စစ်ကောင်စီသင်္ဘော(၆)စီး ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာ သံခွန်သင်္ဘောအသေးတစ်စီးနှင့်အတူ ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသည့် သင်္ဘော ၆စီးသည် ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက် လာသည်ဟု Tigyaing Revolution -TRက အသိပေးထားသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ဒီပဲယင်းမြို့ပေါ် စစ်ကောင်စီကင်းတဲတစ်ခု တိုက်ခိုက်ခံရပြီး တပ်သား တစ်ဦးသေ ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း မြန်မာပြည်သူများသည်လွန်ခဲ့သည့် ၃၄ နှစ်ကတည်းက အသက်များ၊ ဘ၀များ ရင်းကာ မိမိခန္ဓာများ၊ ဘ၀များ လောင်မြိုက်ခံကာ ဒီမိုကရေစီအလင်းရောင်ကိုထွန်းညှိခဲ့ဟု ဦးမင်းကိုနိုင်ပြောကြား လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ခြင်းသည် ကမ္ဘာတွင် အာဏာရှင်များ ကျဆုံးခြင်းအတွက် နမူနာကောင်းဖြစ်လိမ့်မည်ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း တနင်္သာရီတိုင်းအတွင်းရှိ PDF ရဲဘော်များက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် ဆန္ဒပြ PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိအတူလက်တွဲ တိုက်ပွဲဝင်မည်ဟု ၈၈ ငြိမ်း/ပွင့် ထုတ်ပြန် ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။ LuduNwayOoဩဂုတ် 8, 2022
သတင်း ဧရာဝတီမှ ရန်ကုန်တိုင်းသို့အဝင် အဝေးပြေးလမ်းမကို စစ်ကောင်စီ ပိတ်ဆို့ စစ်ဆေးနေ၍ ကားအစီးရေ ရာနှင့်ချီပိတ်မိနေ "ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး" ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 8, 2022