Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားများထိခိုက်မှုရှိ

ယမန်နေ့ (အောက်တိုဘာ ၂၉ရက်) နံနက်နှင့်ညတွင် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။

(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှု မြင့်တက်လာပြီး ရှစ်ရက်အတွင်း တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၂၉ရက်) နံနက်နှင့်ညတွင် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။

“မနက်ပိုင်းမှာ ခါနန်ရပ်ကွက်ထဲ ကျတယ်။ ညမှာ မံပုံကျေးရွာထဲ ကျတယ်။ တစ်နေ့တည်း ငါးယောက်ထိတယ်။ အမျိုးသမီးတစ်ယောက်ဒဏ်ရာပြင်းတယ်”ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ဒဏ်ရာရရှိသည့် ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်မှစ၍ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲသည် ပိုမိုပြင်းထန် လာခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၆ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ ငါးမိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာလ ၂၉ ရက် အထိ ရှစ်ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။

ယနေ့(အောက်တိုဘာလ ၃၀ရက်)နံနက်တွင်လည်း မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှရော လက်နက်ကြီးပါ ပစ်ခတ် နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မိုးမောက်မြို့နှင့် မလှမ်းမကမ်းရှိ လုံဂျာတောင်တွင်KIA၊ PDF ပူးပေါင်းတပ် ရှိသည်ဟုဆိုကာ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေသည်။

ထိုအတောအတွင်း စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၌ စစ်ရေးအရှိန်မြှင့်လာနေသည်။ ယနေ့နံနက် ၁ နာရီ ၇မိနစ် ခန့်တွင် KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်၌ စစ်ကောင်စီ တိုက်လေယာဉ်နှစ် စီးပျံသန်းခဲ့သည်ဟု ကချင်တိုင်းရင်းသားများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။