Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာမြို့အနီးဝေဟင်တွင်​ယမန်​နေ့ညကစစ်​ကောင်စီတိုက်​လေယာဥ်နှစ်စီးပျံဝဲ

ကချင်ပြည်နယ်မိုး​မောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်ထန်​နေသည်။ ၁၀ ရက်ကြာပြီဖြစ်​သောမိုး​မောက်တိုက်ပွဲတွင် KIA နှင့် PDFများပူး​ပေါင်းတိုက်ခိုက်မှု​ကြောင့် စစ်ကာင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာ​နေသည်။

(စစ်​ကောင်စီ၏ တိုက်​လေယာဥ်နှစ်စီး ​လေ့ကျင့်ပျံသန်းစဥ်။ (ပုံအ​​ဟောင်းဖြစ်ပါသည်) ။ ဓါတ်ပုံ-မြဝတီ)
(စစ်​ကောင်စီ၏ တိုက်​လေယာဥ်နှစ်စီး ​လေ့ကျင့်ပျံသန်းစဥ်။ (ပုံအ​​ဟောင်းဖြစ်ပါသည်) ။ ဓါတ်ပုံ-မြဝတီ)

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဝေဟင်ပေါ်တွင် စစ်ကောင်စီတပ်က ယမန်​နေ့ည ၁ နာရီ​ကျော်တွင်ဂျက်တိုက်​လေယာဥ်နှစ်စီး ပျံသန်းသွား​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

“၁ နာရီ ၁၀ မိနစ်​လောက်မှာ အသံမည်လာတယ် ။ ပြီး​တော့မှ ​လေယာဥ်သံကြားတယ် ပြီး​တော့ ပြန်လှဲ့သွားတယ် ။နှစ်​ခေါက်​လောက် ဝဲပြီးပြန်လှည့်သွားတယ်”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

အဆိုပါ​လေယာဥ်သည် ယမန်​နေ့ည (ယ​နေ့နံနက်အ​စောပိုင်း)တွင်ဗန်း​မောက်အလွန်တွင် ဗုံးကျဲသွား​ကြောင်းလည်း​ဒေသခံတစ်ဦးက​ပြောသည်။

​စစ်​ကောင်စီတပ်၏​လေ​ကြောင်းအချက်အလက်များကို ပြည်သူများသိရှိရန်အချိန် နှင့်အမျှ​ဖော်ပြ​ပေး​နေ​သောEAR( Enemy Air Route )က တံတားဦး​လေတပ်မှ ဂျက်ဖိုက်တာသုံးစင်းသည် ယမန်​နေ့ည ၁၂ နာရီ ၂၆ မိနစ်နှင့် ၁၂ နာရီ ၃၂ မိနစ်တွင် ​မြောက်ဘက် သို့ပျံသန်းသွား​ကြောင်းသတိ​ပေးထားသည်။အဆိုပါ​လေယာဥ်များသည် နံနက် ၁ နာရီ ၄၆ မိနစ် ၊ ၁ နာရီ ၅၀ မိနစ်နှင့် ၁ နာရီ ၅၄ မိနစ်တွင် တံတာဦး​လေတပ်သို့ ပြန်လည်ဆင်းသက်​ကြောင်းလည်း​သိရသည်။ တံတားဦးမှ ​လေယာဥ် ၃ စီးထွက်ပြီး လိုင်ဇာမြို့အနီး ၂ စီးပျံသန်းပြီး ကျန် ၁ စီးမှာ မည်သည့်ဘက်ပျံသန်းသည်ကိုမူ မသိရ​ပေ။

Public Service Announcement

Public Service Announcement

ထိုအပြင် စစ်​ကောင်စီ၏ကင်း​ထောက်​လေယာဥ်ဟုယူဆရ​သောလေယာဥ်တစ်စင်းသည် ယမန်​နေ့ည မွန်းလွှဲပိုင်းကလည်းလိုင်ဇာမြို့အနီး လာ​ရောက်ပျံသန်းခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များက ​အောက်တိုဘာ ၂၇ ရက်တွင် စစ်​ကောင်စီတပ်က KIA ​ခေါင်း​ဆောင်နှင့် AA​ခေါင်း​ဆောင်များ​၏ ​နေအိမ်များကိုအတိအကျသိ​ကြောင်း ၊ဗုံကျဲလိုပါကကျဲနိုင်​ကြောင်း၊အချို့စစ်​ကောင်စီ​ထောက်ခံ​သောအ​ကောင့်များက ဗုံကျဲရန်တိုက်တွန်း​​​သောစာများကို ပုံများနှင့်တကွတင်၍ ခြိမ်း​ခြောက်ဝါဒဖြန့်ခဲ့သည်။ထိုသို့ ဝါဒဖြန့်ပြီး​နောက်တစ်ရက်တွင်လိုင်ဇာမြို့အနီးစစ်​ကောင်စီ ​လေယာဥ်များပျံဝဲခဲ့ခြင်းဖြစ်သည်။

ထိုအပြင် ​အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါ​ဒေသတွင် KIO နှစ်ပါတ်လည်အကြို ဂီတအကြိုပွဲပြုလုပ်​နေစဥ် စစ်​ကောင်စီတပ်က တိုက်​လေယာဥ်များဖြင့်ဗုံးကျဲတိုက်ခိုက်၍ အနုပညာရှင်များ ၊လုပ်ငန်းရှင်များ၊ပြည်သူများအပါအဝင်စုစု​ပေါင်း ​သေဆုံးဒဏ်ရာရသူ ၁၀၀ ​ကျော်ရှိခဲ့သည်။အဆိုပါတိုက်ခိုက်မှုမှာ အရပ်သားများရှိ​နေ​သော​နေရာကိုပင်ပစ်မှတ်ထား​လေ​ကြောင်းတိုက်ခိုက်​သော စစ်ရာဇဝတ်မှုအဖြစ်နိုင်ငံတကာကပြင်းထန်စွာပစ်တင်ထားသည်။ စစ်​ကောင်စီဘက်ကမူ KIA ၏တပ်စခန်းဖြစ်၍တိုက်ခိုက်ခြင်းဖြစ်​ကြောင်းထုတ်ပြန်ထားပြီး ၊KIO ကအနန့်ပါ​ဒေသသည် KIA စစ်စခန်းမဟုတ်ဘဲ ခရီးသွားများတစ်​ထောက်နားရာ​နေရာဖြစ်​ကြောင်းထုတ်ပြန်ရှင်းလင်းထားသည်။

ကချင်ပြည်နယ်မိုး​မောက်မြို့နယ်အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်ထန်​နေသည်။ ၁၀ ရက်ကြာပြီဖြစ်​သောမိုး​မောက်တိုက်ပွဲတွင် KIA နှင့် PDFများပူး​ပေါင်းတိုက်ခိုက်မှု​ကြောင့် စစ်ကာင်စီတပ်​သေဆုံးထိခိုက်မှုများပြီးအထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။