Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့တွင် ဒေသခံပြည်သူများထံမှ ရိက္ခာများလုယူလာသည့် စစ်အုပ်စုကို တိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PPDF)
(ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - PPDF)

စစ်ကိုင်းတိုင်း ပုလဲမြို့တွင် ဒေသခံပြည်သူများထံမှ ရိက္ခာများလုယူလာသည့် စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများ နေရပ်ပြန်လာစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်များက ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး ရိက္ခာအချို့ ပြန်ရယူနိုင်ခဲ့သည်။

ယနေ့(အောက်တိုဘာ၂၉ရက်) နံနက်က အင်မထီးပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများသည် ဘေးပတ်ဝန်းကျင်ရှိ ကမ်းဒေါင့် ကျေးရွာမှ ဒေသခံများ​၏ စားနပ်ရိက္ခာများကို ခြိမ်းခြောက်လုယူပြီး လှည်းဖြင့် သယ်ဆောင်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အင်မထီးက ပျူရွာ။ အဲ့ဒီရွာမှာ စစ်တပ်က တပ်စွဲထားပြီး သူတို့ ရိက္ခာအတွက် အခြားရွာတွေကနေ မကြာခဏ သွားသွားယူတာ။ အနိုင်ကျင့်ယူကြတာ”ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကန့်ဒေါင့်မှ ရိက္ခာများယူဆောင်ပြီး အင်မထီးကျေးရွာသို့ လှည်းအစီး(၅၀)ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို တိုက်ခိုက်ခဲ့သည်ဟု ပုလဲအခြေစိုက်၊ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လှည်းတစ်စီး၊ဆန်တစ်အိတ်၊စားဆီတစ်ပုံး၊ ဓာတ်ဆီတစ်ပေပါနှင့် ဒီဇယ်တစ်ပေပါပြန်လည်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ တပ်ရင်း(၈)၊တပ်ရင်း(၁၉)၊ PRA နှင့် ဒေသခံPDFများပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

စစ်ကောင်စီဘက်မှ ထိခိုက်သည့်စာရင်းကို မသိရှိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအကျဆုံးမရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ပုလဲအခြေစိုက်၊ ယင်းမာပင်ခရိုင်အမှတ်(၈) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ကာလရှည်ခုခံတိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေး မဟာ မိတ်ပူးပေါင်းတပ်က ရဲဘော်တွေအတွက် ရိက္ခာပံ့ပိုးနိုင်ရေး ပါဝင်ပေးကြဖို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထောက်ပို့ဌာနက နှိုးဆော်ပါတယ်။