Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် နယူးယောက်တွင် ပြုလုပ်

ထို့အပြင် ယင်းအခမ်းအနား၌ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ဓာတ်ပုံ - GMSR
ဓာတ်ပုံ - GMSR

▪️ယူကရိန်းနှင့် အီရန်နိုင်ငံသားများအပါအဝင် ရာနှင့်ချီ တက်ရာက်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Time Square တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်ကို Global Myanmar Spring Revolution ၏ အစီအစဉ်များအတိုင်း NYCBC အဖွဲ့ မှ ဦးဆောင်၍ ယနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ အမေရိကန်နိုင်ငံရောက် မြန်မာများနှင့်အတူ ယူကရိန်းနှင့်အီရန် နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှလည်း လာရောက်ပူးပေါင်း ပါဝင်အင်အားဖြည့်ခဲ့ကြသည်။

အဆိုပါ ကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်များတွင် လက်ရှိတက်ရောက် ပညာသင်ကြားနေကြသော Generation Z များ တက်ရောက်ကာ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ် နေသော မြန်မာကျောင်းသားများ ပညာသင်ကြားရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အသတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း GMSR က ဖော်ပြခဲ့သည်။

နယူးယောက်ရှိ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများဖြစ်ကြသော Anton and Victor ၊ အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopia ကျောင်းသူ Saba Desta တို့လည်း မြန်မာကျောင်းသားများနှင့် တသားထဲရပ်တည်​ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြောင်း GMSR က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယင်းအခမ်းအနား၌ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ထို့နောက် လက်ယက်ကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကြွေလွင့်ခဲ့ရသည့် အပြစ်မဲ့ကျောင်သားကလေးငယ် များ အတွက်လည်း ဝမ်းနည်းဆုတောင်းစကားများ၊ ကဗျာရွတ်အစီစဉ်များ ထည့်သွင်းကျင်းပကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နယူးယောက်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၅ နာရီအထိ Time Square တွင် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။