သတင်း ပြည်ပနိုင်ငံအသီးသီးရောက် မြန်မာများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် နယ်သာလန်နိုင်ငံ ဘရေဒါမြို့တို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာများအား ဆွမ်းကပ်လှူဒါန်း ၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ LuduNwayOoဇွန် 19, 2022
သတင်း မဲဆောက်ရောက် မြန်မာများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ စုပေါင်းကျင်းပ မွေးနေ့ပွဲ၌ တက်ရောက်လာသူများက လက်ရှိအချိန်တွင် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင် ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာစေရေး ဆုတောင်းခဲ့ကြသည်ဟု မွေးနေ့ပွဲ ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။ LuduNwayOoဇွန် 19, 2022
သတင်း အာဏာရှင်အောက်က တိုင်းပြည်နှင့်ပြည်သူများလွတ်လပ် ခွင့်ရရန် ဒေါ်အောင်ဆန်းစုကြည်ကသူ့အသက်တာကိုပုံအပ် ကြိုးစားခဲ့ဟု ယာယီသမ္မတပြော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရှင်တွေအောက်တွင် ချုပ်နှောင်ခံထားရသည့် တိုင်းပြည်ကြီး လွတ်လပ်ခွင့်ရရန် နှင့် ပြည်သူတွေ လွတ်လပ်ခွင့်ရရန် အတွက် သူ့အသက်တာကို ပုံအပ်ကြိုးစား ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။ LuduNwayOoဇွန် 19, 2022
သတင်း မုံရွာခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုအမည်မသိသေနတ်သမားက ပစ်ခတ်ရှင်းလင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးသန်းဇော်ထွန်းသေဆုံးမှုတွင် မည်သည့်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။ LuduNwayOoဇွန် 19, 2022
သတင်း ကျောက်ဆည်ရှိ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏နေအိမ် ဗုံးထုခံရ ကျောက်ဆည်မြို့ရှိ နေအိမ်တွင် ဦးသန်းရွှေ နေထိုင်ခြင်းမရှိသော်လည်း စစ်တပ်ကိုအစောင့်ချထားပြီး ထိုအစောင့်တပ်များရှိနေသည့်ကြားမှပင် နွေဦးတော်လှန်ရေးကာလအတွင်း သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသည်။ LuduNwayOoဇွန် 19, 2022
သတင်း စစ်ကောင်စီတပ်ကမြိုင်မြို့နယ်မြောက်ပိုင်းရှိကျေးရွာများကိုမီးလိုက်ရှို့ပြီးပြည်သူလေးဦးကိုအကြောင်းမဲ့သတ်ဖြတ်ခဲ့ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။ LuduNwayOoဇွန် 19, 2022
သတင်း ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့သူတွေကို သစ်ပင်စိုက်ပြီး ဂုဏ်ပြု အခုလိုသစ်ပင်တွေစိုက်ပျိုးတာဟာ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ရည်စူးပြီး စိုက်ပျိုးရတာဖြစ်တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။ LuduNwayOoဇွန် 19, 2022
သတင်း စစ်ကိုင်း – ရွှေဘိုလမ်းပိုင်းအား ယာယီအသုံးမပြုရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မေတ္တာရပ်ခံ စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ရာနေရာများသို့ အင်အားဖြည့်တင်းရာတွင် ပြည်သူပိုင်ယာဥ်များကို တားဆီး၍ လိုက်ပါနေခြင်းကြောင့် လမ်းအသုံးမပြုဖို့ မေတ္တာရပ်ခံရခြင်းဟု PHOENIX(SGG) က ဆိုသည်။ LuduNwayOoဇွန် 19, 2022
သတင်း မြစ်ဆုံ တန်ဖဲရွာမှ မြစ်ကြီးနားသို့ ဆင်းလာသည့် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ် ၁၆ကြိမ်မိုင်းဆွဲတိုက်ခိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၁) နယ်မြေ Tang Hpre ကျေးရွာနဲ့ Chying Hkrang ကျေးရွာအကြား၌ ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်က အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်များကို ၁၆ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင်မှသတင်းရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ LuduNwayOoဇွန် 19, 2022
သတင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုလွတ်မြောက်နယ်မြေတွင်ဖယောင်းတိုင်မီးများဖြင့် ပုံဖော် ဆုတောင်း ယနေ့နံနက်အစောပိုင်း၌ အဆိုပါ "ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့" စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။ LuduNwayOoဇွန် 19, 2022