Hi, what are you looking for?
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။
စစ်ကြောင်းထိုးလာသောစစ်ကြောင်းမှ စစ်သားသုံးဦးကိုစနိုက်ပါဖြင့်ပစ်ခတ်ချေမှုန်းခဲ့ပြီး ထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ရာတွင်လည်းစစ်ကောင်စီတပ်မှသေဆုံးထိ့ခိုက်မှုရှိခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီတပ်မှသေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People's Spring ကသီးခြားအတည်မပြုနိုင်ပါ။