Connect with us

Hi, what are you looking for?

သတင်း

မြစ်ဆုံ တန်ဖဲရွာမှ မြစ်ကြီးနားသို့ ဆင်းလာသည့် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ် ၁၆ကြိမ်မိုင်းဆွဲတိုက်ခိုက်

KIA တပ်မဟာ(၂) တပ်ရင်း(၁၁) နယ်မြေ Tang Hpre ကျေးရွာနဲ့ Chying Hkrang ကျေးရွာအကြား၌ ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်က အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်များကို ၁၆ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင်မှသတင်းရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

မြစ်ဆုံ တန်ဖဲရွာမှ မြစ်ကြီးနားသို့ ဆင်းလာသည့် စစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ် ၁၆ကြိမ်မိုင်းဆွဲတိုက်ခိုက်

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိဟု KIA အသိပေး

မြစ်ကြီးနားမြို့နယ် မြစ်ဆုံဧရိယာရှိ တန်ဖဲရွာမှ မြစ်ကြီးနားမြို့သို့ ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက ယနေ့ ဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၁) နယ်မြေ Tang Hpre ကျေးရွာနဲ့ Chying Hkrang ကျေးရွာအကြား၌ ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်က အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်များကို ၁၆ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင်မှသတင်းရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘေးပတ်ဝန်း ကျင်သို့ လက်နက်ကြီး၊လက်နက်ငယ်များ ရန်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ပူတာအို လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်များ ခြေလျင်ဖြင့်လည်းကောင်း၊ စစ်ယာဉ်တို့ဖြင့်လည်းကောင်း စစ်ရေးလှုပ်ရှားနေခြင်း၊ စစ်အသုံးအဆောင်နှင့် ရိက္ခာ သယ်ပို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ KIA နှင့် ထိတွေ့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။