Hi, what are you looking for?
ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသမှာ ဆောက်လုပ်မယ့် သူပုန်မိန်းမ မင်္ဂလာကျန်းမာကမ်ပိန်းဟာ ရည်မှန်းထားတဲ့ ဘတ်ဂျတ်ထက်ကျော်လွန် ရရှိခဲ့တာကြောင့် ပါဝင်ပေးသူတွေကို ကျေးဇူးတင်ကြောင်း ဒီကမ်ပိန်းကို ဦးဆောင်တဲ့တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်နှင့်ပျူများသည် တောင်တွင်းဒေသ ထုံးကြီးရွာအနီးတွင် ဒေသခံ မဟာမိတ်အဖွဲ့များနှင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး ထုံးကြီးရွာအနီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုအခါ သစ်ခေါင်းတီးကျေးရွာအနီး သရက်တောကျောင်းတိုက်တွင် စတည်းချလျက်ရှိကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးထားသည်။
မန္တလေး ကျုံးဘေးပတ်လည်မှာ စစ်ရေးလှုပ်ရှားမှု တစ်ခုပြုလုပ်မယ်လို့ ပြည်သူတွေကို မြို့ပြပျောက်ကြားအဖွဲ့က အသိပေးထားပြီးနောက် ကျုံးပတ်လည်မှာ စစ်ကောင်စီက ဒီနေ့ညနေပိုင်းအထိကင်းပုန်းချထားတယ်လို့သိရပါတယ်။ ကင်းပုန်းချထားတဲ့အပြင် ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်တွေ ၊နေအိမ်တွေက CCTV မှတ်တမ်းတွေကို လိုက်လံစစ်ဆေးနေတယ်လို့ People’s Spring ရဲ့သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက...