Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်နေသည့် မတ္တရာဒေသခံများ စစ်ကြောင်းနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရ၊ စစ်ရှောင်ပြည်သူအချို့၏ ကားနှင့်ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု မကြာခဏ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ အဆိုပါစစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။

စစ်ရှောင်နေသည့် မတ္တရာဒေသခံများ စစ်ကြောင်းနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရ
စစ်ရှောင်နေသည့် မတ္တရာဒေသခံများ စစ်ကြောင်းနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရ

မန္တ​လေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း၊ ဒေသခံပိုင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို မီးရှို့ခြင်းနှင့် နေအိမ်များ မွှေနှောက်ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၁၂ရက်က မတ္တရာနယ် တောင်ကောင်းရွာသို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံများက တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ရှောင်နေသည့် မတ္တရာဒေသခံများ စစ်ကြောင်းနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရ
စစ်ရှောင်နေသည့် မတ္တရာဒေသခံများ စစ်ကြောင်းနှင့် တွေ့ဆုံစဉ် ပစ်ခတ်ခံရ

“တိမ်းရင်းရှောင်ရင်းနဲ့ ကျွန်တော်တို့ ဒေသခံသုံးယောက် မျက်နှာချင်းဆိုင် သူတို့ကိုတွေ့တော့ ကြောက်လို့ ထွက်ပြေးတာကို အဲဒီကောင်တွေက တရစပ် ပစ်တာပေါ့။ ကျွန်တော်တို့ကတော့ ပစ်ခံရတဲ့သူတွေ။ လူတွေကတော့ ဘာမှ မဖြစ်ဘူး။ ကျွန်တော်ကားရယ် ဆိုင်ကယ် ၃စီးရယ် မီးရှို့ခံရတာ။ ကျွန်တော့်အိမ်ကိုတော့သူတို့လိုချင်တဲ့ဟာရှိတာ ယူသွားတာ။ ကျွန်တော်တို့က သူတို့ လာတိုင်းပြေးတာ မိသားစုလိုက် အိမ်နားက မိသားစုတွေရောပေါ့။ စုပေါင်းပြီး ကားနဲ့ ပြေးတာ။ ကားကို တောထဲထားတာ အရှို့ခံရတာ”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

တိမ်းရှောင်ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ တောင်ကောင်းရွာခံတစ်ဦးကိုမူ ဖမ်းဆီးသွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထိခိုက်တာတော့မရှိဘူး ဖမ်းခံရပြီး ရိုက်နှက်တာတွေတော့ရှိတယ်။ ၁၀ယောက်လောက်ရှိတယ် အဖမ်းခံရတာ။ ပြန်တော့လွတ်လာပြီ။ တောထဲမှာ ရှောင်ရင်းနဲ့ အဖမ်းခံရတဲ့ဟာကတော့ အကုန်ပြန်လွှတ်ထားခဲ့တယ်။ ရွာထဲအဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ခေါ်သွားတာ။ ကျွန်တော်တို့ကတော့ ရွာကပ်လို့ကို မရသေးဘူး အခုလို အခြေအနေမျိုးမှာတော့”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု မကြာခဏ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ အဆိုပါစစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။