Connect with us

Hi, what are you looking for?

သတင်း

ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား သေဒဏ်ပေးမှုအပေါ် ရန်ကုန်လူငယ်များက လက်တုန့်ပြန်ရေး လှုပ်ရှားမှုပြုလုပ်

ယင်းလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ (Youths Union)၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်းကျောင်းသားများ သမဂ္ဂ၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ မှ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဓာတ်ပုံ - Youth Unions
ဓာတ်ပုံ - Youth Unions

အာဏာသိမ်းစစ်ကောင်စီက ဦးဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်၍ သေဒဏ်ပေးမှုအပေါ် ရန်ကုန်လူငယ်များက မုချလက်တုန့်ပြန်မည်ဆိုသည့် ပြည်သူ့ရာဇသံပေး ဆန့်ကျင်လှုပ်ရှားမှုများကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့သည်။

လူငယ်များက “တစ်ယောက်ကျ တစ်သက်မကြေဘူး ၊ နှစ်ယောက်ကျ တစ်ကမ္ဘာမကြေဘူး ၊ ဘယ်သူကျကျ ကမ္ဘာတည်သ၍ ဥဒါန်းမကြေဘူး” စာသားပါ စကေတာများ ၊ အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံပါ “ကြိုးမိန့်ပေးလျှင် မုချလက်တုန့်ပြန်မည်”ဟု စာသားများပါ စတစ်ကာများအား ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာအနှံ့တွင် ကပ်၍ ပြည်သူ့ရာဇသံပေးပို့ခြင်းကို ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ (Youths Union)၊ တော်လှန်သွေးမကုန်တောင်ဒဂုံ သပိတ်အင်အားစု၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်းကျောင်းသားများ သမဂ္ဂ၊ လှိုင်သာယာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတို့ မှ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။