Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

ကျဆုံးသူ ရဲ​ဘော်သုံးဦးသည် ယင်းမာပင်ခရိုင် တပ်ရင်း (၁)မှ ရဲဘော်ဟိန်းထက်စိုး၊ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲတွင် ရဲရင့်စွာတိုက်ပွဲဲဖြစ်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယင်းမာပင်နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ယင်းမာပင်နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများရှိပြီး PDF ရဲ​ဘော်သုံးဦးလည်း ကျဆုံးခဲ့ရကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၅ ရက် ညနေ ၄နာရီခွဲခန့်က ပုလဲမြို့နယ်မှထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား ပုလဲ – မင်းတိုင်ပင် – ယင်းမာပင်လမ်းတွင် ပွိုင့် ၆ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများနိုင်ပြီး ဆက်လက်မထွက်ခွာနိုင်ဘဲရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရဲဘော်သုံးဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမာပင်နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ယင်းမာပင်နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

ကျန်ရဲဘော်များက မဟာမိတ်တပ်ဖွဲ့များ၏ လက်နက် ငယ်ပစ်ကူဖြင့် အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၁)ကဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသူ ရဲ​ဘော်သုံးဦးသည် ယင်းမာပင်ခရိုင် တပ်ရင်း (၁)မှ ရဲဘော်ဟိန်းထက်စိုး၊ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲတွင် ရဲရင့်စွာတိုက်ပွဲဲဖြစ်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“စစ်ခွေးကားတန်းကို မိုင်းဆွဲပြီး စစ်ခွေးတွေကြား ပိတ်မိသလို ဖြစ်သွားတာ။အဲဒီမှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲဘော်သုံးယောက် အသက်ပေးသွားရတာပါ။ အသက်တွေက ၂၅ နှစ်ဝန်းကျင်တွေ၊ အိမ်ထောင်သည်တစ်ယောက်ပါတယ်လို့ သိရတယ်။”ဟု အမိမြေတော် လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျဆုံးရဲဘော် သုံးဦးနှင့်ပတ်သက်၍ အမိမြေ တော်လှန် ရေးတပ်ဖွဲ့က ရဲဘော်မင်းကိုက “တော်လှန်ရေးမှာ အသက်ပေးလိုက်ရတဲ့ ရဲဘော်တစ်ဦးတစ်ယောက်ချင်းဆီကို ကျွန်တော်တို့အမိမြေတော်လှန်ရေးတပ်ဖွဲ့ကနေမှ ဝမ်းနည်းကြေကွဲရပါတယ်။ တော်လှန်ရေးပြီးဆုံးသည်ထိ ပြည်သူကို သစ္စာမဖောက်ပဲ တော်လှန်ရေးအဖွဲ့အစည်းတိုင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားသွားမယ်ဆိုတာ ကတိပြုပါတယ်။ အာဇာနည်ရဲ‌ဘော်တွေကိုယ်စား ဆထက်တပိုး ပိုမိုထိရောက်စွာ တော်လှန်သွားမယ်။ ထိထိရောက်ရောက် တော်လှန်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်ဆိုတာ အာဇာနည်ကျဆုံးရဲဘော်တွေကို အမှတ်တရ စကားပြောလိုပါတယ်။”ဟု ပြောသည်။

တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားသော ရဲဘော်များအတွက် လွန်စွာဝမ်းနည်းရကြောင်း၊ ရဲဘော်တို့အား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း၊ မပြီးပြတ်သေးသော အာဏာရှင်တော် လှန်ရေးအား တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်များကို တိုင်တည်ကတိသစ္စာပြုပါသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။