Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီ ထောင်ဒဏ် ၂၁ နှစ်ထပ်ချ

ဒီနေ့အမိန့်ချရာမှာ မောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ၊NLDပါတီရုံးမြေကိစ္စ အမှု ၂ မှုအတွက် ၆နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ကိုချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်
ဒေါက်တာဇော်မြင့်မောင်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို အဂတိအမှု ငါးမှုအတွက် စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၂၁နှစ် ထပ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးက ဒီနေ့ ရုံးချိန်းမှာ ထောင်ဒဏ်ထပ်ချလိုက်တာပါ။

ဝန်ကြီးချုပ်အာဏာရယူထားချိန်မှာ အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုနဲ့တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေကတော့ ဘန်ကောက်ကို ဒေါက်တာဇော်မြင့်မောင် ဆေးသွားကုချိန် စီပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ထံကလာဘ်ငွေယူတယ်ဆိုပြီး အဂတိအမှု ၃ မှုနဲ့ တရားစွဲပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မြင်းခြံနဲ့ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ရာမှာ အဂတိမကင်းဘူးဆိုကာ နောက်ထပ် အဂတိပုဒ်မ ၂ မှုနဲ့ အမှုထပ်ဖွင့်တာဖြစ်ပါတယ်။

ဒီနေ့အမိန့်ချရာမှာ မောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ၊NLDပါတီရုံးမြေကိစ္စ အမှု ၂ မှုအတွက် ၆နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ကိုချမှတ်ခဲ့တာပါ။

စွဲဆိုခဲ့တဲ့ အဂတိပုဒ်မတွေအပေါ် ကျူးလွန်ခြင်းမရှိကြောင်း ဒေါက်တာဇော်မြင့်မောင် တရားခွင်မှာ ထုချေထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို စစ်အာဏာသိမ်းတဲ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မမျိုးစုံနဲ့ စစ်ကောင်စီဟာ တရားစွဲဆိုထားတာပါ။

လက်ရှိမှာလည်းမန္တလေး အိုးဘိုထောင်မှာထောင်ချထားတာဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၀ အရွယ်ရှပြီဖြစ်ကာ သွေးကင်ဆာဝေဒနာခံစားနေရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook