သတင်း ဧရာဝတီတိုင်းက မြို့နယ်အချို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပျံသန်းခြိမ်းခြောက် ဧရာဝတီတိုင်းနဲ့ ထိစပ်ဒေသအချို့မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ တိုင်းအတွင်းက မြို့နယ်အချို့မှာ ခြိမ်းခြောက်ပျံသန်းနေပါတယ်။ LuduNwayOoဇန်နဝါရီ 28, 2026
သတင်း ငါတို့မဲမပေးခဲ့လှုပ်ရှားမှုနဲ့ ဘူးသပိတ်ဆင်နွဲဖို့ တိုက်တွန်းတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ "ငါတို့ မဲမပေးခဲ့" လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှုတွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း စစ်တပ်ရွေးကောက်ပွဲရလာဘ် လုံးဝလက်မခံကြောင်း ကိုရီးယားသမ္မတရုံးကို စာပို့ ကိုရီးယား၊ ဂျပန် နဲ့ ဩစတေးလျနိုင်ငံတွေက မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ချက်ကို ကိုရီးယားသမ္မတရုံးကို ပေးပို့ခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း ဧရာဝတီတိုင်းက မြို့နယ်အချို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပျံသန်းခြိမ်းခြောက် ဧရာဝတီတိုင်းနဲ့ ထိစပ်ဒေသအချို့မှာ တိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ တိုင်းအတွင်းက မြို့နယ်အချို့မှာ ခြိမ်းခြောက်ပျံသန်းနေပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း မလှိုင်မဲရုံစောင့် စစ်သားတွေအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ပြည်သူတွေထိတ်လန့် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကနေ မဲရုံစောင့် စစ်သားတွေ မိတ္ထီလာမြို့ကတပ်ရင်းအပြန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခဲ့လို့ ထိတ်လန့်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း လပခစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတယ်လို့သတင်းထွက်ပြီးနောက်စစ်ဆေးမှုတင်းကျပ် စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့မှာ ဒီနေ့ (ဇန်နဝါရီလ ၂၇ ရက်) မနက်ပိုင်းက ပစ်ခတ်သံတွေကြားရပြီးနောက် ဒီနေ့တစ်နေ့လုံးနီးပါး စစ်ဆေးမှုတင်းကျပ်ခဲ့တယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း SOUTHERN YSO PDFအထူးလှုပ်ရှားတိုက်ခိုက်ရေးနဲ့ အခြေခံစစ်သင်တန်းတက်ရောက်သူတွေ သင်တန်းဆင်း အထူးလှုပ်ရှားတိုက်ခိုက်ရေး ရဲဘော်တွေနဲ့ အခြေခံစစ်သင်တန်း တက်ရောက်ခဲ့သူတွေ သင်တန်းဆင်း ပြီလို့ SOUTHERN YSO PDFတပ်ဖွဲ့ က ဒီကနေ့(ဇန်နဝါရီ ၂၇ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း လပခမှာ စစ်ခေါင်းဆောင် တည်းခိုတယ်သတင်းရလို့ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWM ပြော မန္တလေးမြို့ကို ရောက်နေတဲ့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာ တည်းခိုတယ်လို့ သတင်းရတာကြောင့် ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း ပုဏ္ဏားကျွန်းမြို့နယ်က ပြည်သူတွေအင်တာနက်သုံးတဲ့နေရာကိုစစ်တပ်ဗုံးကြဲ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတွေအင်တာနက်သုံးတဲ့နေရာတည့်တည့်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့ပြီး သုံးစွဲသူတွေမရှိတာနဲ့ လေကြောင်းသတိပေးချက် မိနစ်ပိုင်းကြိုတင်ရရှိခဲ့တဲ့အတွက် ဒေသခံတွေဘေးကင်းခဲ့တယ်လို့ သိရပါတယ်။ ludunwayooဇန်နဝါရီ 28, 2026
သတင်း ငပလီကမ်းခြေမြို့ကို စစ်ကောင်စီဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့ ကလေးငယ်နဲ့ သူ့ဖခင် ကျန်းမာရေးတိုးတက်ကောင်းမွန် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေမြို့က ကျင်းကန်ကြီးရွာကို ပြီးခဲ့တဲ့လက စစ်ကောင်စီဗုံးကြဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင် ကိုးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရခဲ့တဲ့ အသက် ၂နှစ် ၈လအရွယ် မေကံကောင်းဟာ ကျန်းမာရေးတိုးတက်ကောင်းမွန်နေပြီဖြစ်ပါတယ်။ ludunwayooဇန်နဝါရီ 28, 2026