Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲရလာဘ် လုံးဝလက်မခံကြောင်း ကိုရီးယားသမ္မတရုံးကို စာပို့

ကိုရီးယား၊ ဂျပန် နဲ့ ဩစတေးလျနိုင်ငံတွေက မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ချက်ကို ကိုရီးယားသမ္မတရုံးကို ပေးပို့ခဲ့ပါတယ်။

ဓာတ်ပုံ - NUG Representative Office - Republic of Korea

■နိုင်ငံတကာက စစ်ကောင်စီရွေးကောက်ပွဲရလာဘ် လက်မခံ‌ကြောင်းပြသပေးဖို့ တောင်းဆို

ဇန်နဝါရီ-၂၇၊၂၀၂၆။တေဇ/People’s spring

ကိုရီးယား၊ ဂျပန် နဲ့ ဩစတေးလျနိုင်ငံတွေက မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ချက်ကို ကိုရီးယားသမ္မတရုံးကို ပေးပို့ခဲ့ပါတယ်။

ဒီနေ့ (ဇန်နဝါရီ၂၇) နံနက်မှာ ကိုရီးယားသမ္မတရုံးရဲ့ရှေ့မှာ ကိုရီးယား၊ ဂျပန်၊ ဩစတေးလျနိုင်ငံက မြန်မာတွေအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာဖြစ်ပြီး ထုတ်ပြန်ချက်ကို သမ္မတရုံးကိုပေးပို့ခဲ့တာလို့ NUGကိုယ်စားလှယ်ရုံး(ကိုရီးယား)က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအစိုးရတွေအနေနဲ့စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလာဘ်ကို လက်မခံကြောင်းကို အတိအလင်းထုတ်ဖော်ပြသဖို့ တိုက်တွန်းထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ ပိုမိုပူးပေါင်းပြီး လက်တွေ့ကျတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့လည်းတောင်းဆိုထားပါတယ်။

ဒီပွဲကို ကိုရီးယားမှာရှိတဲ့ မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ”က တာဝန်ခံပြုလုပ်တာဖြစ်ပြီး ကိုရီးယားအရပ်ဖက် အဖွဲ့အစည်း တွေ ပူးပေါင်းပါဝင်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။