Connect with us

Hi, what are you looking for?

သတင်း

ငါတို့မဲမပေးခဲ့လှုပ်ရှားမှုနဲ့ ဘူးသပိတ်ဆင်နွဲဖို့ တိုက်တွန်းတဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေ

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမ‌ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ “ငါတို့ မဲမပေးခဲ့” လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှု‌တွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း၊ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ

ဇန်နဝါရီ-၂၇၊၂၀၂၆။သတိုး/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့ကပြည်သူတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မဲမ‌ပေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ “ငါတို့ မဲမပေးခဲ့” လှုပ်ရှားမှု နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဘူးသပိတ် လှုပ်ရှားမှု‌တွေ ဒီနေ့ (ဇန်နဝါရီ ၂၇) ပြုလုပ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းတို့က “ငါတို့မဲမပေးခဲ့” စာသားကိုကိုင်ဆောင်ပြီး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ “ငါတို့မဲမပေးခဲ့”လို့ရေးသားထားတဲ့ စာရွက်တွေနဲ့အတူ လက်သန်းမှာ မှင်မစွန်းကြောင်းလက်သန်းထောင် ပြထားတဲ့ ပုံတွေနဲ့ပါဝင်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းကတော့ အနီရောင်အနှုတ်လက္ခဏာ အမှတ်အသားစာရွက်တွေကို ကိုင်ဆောင်ပြီး “ငါတို့မဲမပေးခဲ့”စာသားကို သံပြိုင်ရွတ်ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အဲဒီသပိတ်စစ်ကြောင်းက စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေ မသုံးစွဲဖို့ တိုက်တွန်းတဲ့ အနေနဲ့ မသုံးရမည့်ပစ္စည်း‌တွေပုံပါတဲ့ စာရွက်တွေ ဝေတဲ့ လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

လူ့ငယ့်အားမာန်သပိတ်ကော်မတီကလည်း ယင်းမာပင်မြို့နယ်ကကျေးရွာတွေမှာ စစ်တပ်ထုပ်ကုန်မသုံးစွဲရေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကလည်း”ငါတို့မဲမပေးခဲ့” Hand Banner တွေကိုကိုင်ဆောင်ပြီး ဝက်လက်လက်မြို့နယ်မှာ Photo Campaign ပြုလုပ်ခဲ့ပါတယ်။

“တိတ်ဆိတ်ခြင်းက တစ်ခါတလေမှာ အကျယ်လောင်ဆုံး အော်ဟစ်သံပဲ။ ငါတို့ရဲ့ ဆန္ဒမဲဆိုတာ ခေါင်းစဉ်တပ်ရုံသက်သက် မဟုတ်ဘူး။ ငါတို့ရဲ့ အနာဂတ်၊ ငါတို့ရဲ့ ယုံကြည်ချက်။ အဲဒီယုံကြည်ချက်ကို ရောင်းစားမယ့်ပွဲမှာ ငါတို့ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်။” လို့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရေးသားထုတ်ပြန်ထားပါတယ်။

လက်ပံတောင်းတောင်ဒေသအာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုကလည်း ငါတို့မဲမပေးခဲ့ လှုပ်ရှားမှုအနေနဲ့ အဲဒီ့စာသားရေးသားထားတဲ့ စာရွက်တွေကို မဲမပေးခဲ့ကြောင်း မှင်မစွန်းတဲ့ လက်သန်းတွေကို ပြသခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်ကအောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းကတော့ ဒီနေ့မှာ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook