Connect with us

Hi, what are you looking for?

သတင်း

လပခမှာ စစ်ခေါင်းဆောင် တည်းခိုတယ်သတင်းရလို့ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWM ပြော

မန္တလေးမြို့ကို ရောက်နေတဲ့ စစ်ကောင်စီခေါင်း‌ဆောင်မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာ တည်းခိုတယ်လို့ သတင်းရတာ‌ကြောင့် ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - BWM

ဇန်နဝါရီ-၂၇၊၂၀၂၆။သတိုး/People’s Spring

မန္တလေးမြို့ကို ရောက်နေတဲ့ စစ်ကောင်စီခေါင်း‌ဆောင်မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှာ တည်းခိုတယ်လို့ သတင်းရတာ‌ကြောင့် ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“မအလက အတုအယောင်ရွေးကောက်ပွဲကို အောင်ပွဲခံပြီး ဇန်နဝါရီ ၂၇ရက် နံနက် ၄ နာရီ ၄၀ မှာ မင်းဝတ်တန်ဆာနဲ့နန်းတွင်းမင်္ဂလာတံတားကနေ ပြည်တော်ဝင်တဲ့ ယတြာချေဖို့ရှိတယ်လို့သိရလို့ အဲ့အချိန်မှန်းပစ်လိုက်တာ “လို့ ပြောပါတယ်။

ဒီနေ့(ဇန်နဝါရီ၂၇) မနက် ၄နာရီခွဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၀၇ မမရှော့တိုက်ဒုန်း ငါးလုံးပစ်ခတ်ရာမှာ သုံးလုံးအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီစစ်ဆင်ရေးကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (Mandalay) နဲ့ Infinity (အညာ) အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

“မနက်ကပစ်ပြီးကတည်းက မအလ ပျောက်နေတယ်လို့ သိရတယ်၊သူ့ခရီးစဥ်ထဲပါတဲ့လူတွေကိုလည်း ဖုန်းတွေပြန်စစ်နေတယ်လို့သိရ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုပြုလုပ်ပြီးချိန်မှာ စစ်ကောင်စီကလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိသလို မင်းကွန်းတောင်ရိုးဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဆိုပါတယ်။

“ယနေ့ တစ်မနက်ခင်းလုံး ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနှင့်ဝက်လက်တွင် ဖိုက်တာများ အဆက်မပြတ် ပျံဝဲနေ ပါတယ်။မန္တလေးမြို့ပေါ်တွင်လည်း တစ်နေကုန် အစစ်ဆေးကြမ်းနေပြီးနေရာစုံ ပိုက်စိတ်တိုက် စစ်ဆေးနေပါတယ်။” လို့ BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖုန်းတွေကိုလည်း စစ်နေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုန်းတွေက လပခတိုင်းမှူး နေအိမ် ထိခိုက်ခဲ့တယ်လို့ BWMက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကထိခိုက်မှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးအ‌နေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

မန္တလေးမြို့မှာ မနက် ၄နာရီဝန်းကျင်က လက်နက်ကြီးလို့ ယူဆရတဲ့ အသံလေးချက်ကြားရတယ်လို့ မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Voice Of Mandalay က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။