Hi, what are you looking for?
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
“စစ်မြေပြင် တစ်နေရာမှာ ကိုယ့်ရဲဘော်တွေ ထိခိုက်တယ်၊ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUGအပေါ် အားမလို အားမရ ဖြစ်ကြတဲ့အပေါ် ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။NUGဘာလုပ်နေသလဲလို့ ပြစ်တင်မောင်းမဲကြတာတွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကိုလည်း ကျွန်တော်တို့ အလေးအနက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။