Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့​တောင်ဘက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာ ဒီကနေ့ ညဦးပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(​အမှတ်(၃၂)ဗျူဟာစစ်ဆင်ရေးမှူးဗိုလ်ဒါ​ဘောနဲ့​​​တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-​ပေးပို့)

ဇူလိုင်-၇၊ ၂၀၂၆။ကိုဒီး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းမှာ ဒီကနေ့ ညဦးပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၇ရက် ညနေပိုင်းကစပြီး စစ်တပ်ကမြဝတီမြို့တောင်ဘက်ခြမ်းမှာ နေရာစုံကနေ အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ညနေတည်းက ဆွယ်တော်ကုန်းကနေလည်း ဆင်လာတယ်။ ရဲကုန်းကနေလည်းထိုးတယ်။ နေရာစုံမှာ ထိုးနေတာ ညနေတည်းက။ မင်းလက်ပံကလည်း တက်လာတယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့ ညနေပိုင်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်တွေရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က ၄ ဦးသေဆုံးတယ်လို့ သတင်းကြားရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲအတွင်းစစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကို​တော့စုံစမ်း​နေဆဲဖြစ်ပြီး မသိရသေးပါဘူး။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်ရတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ စစ်တပ်ရဲ့ Y-12 အမျိုးအစား လေယာဉ်နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဗုံးအလုံး ၃၀ ​ကျော်ကြဲချခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီး Thai Enquirerက ရေးသားထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။