Connect with us

Hi, what are you looking for?

LuduNwayOo

News

မ​ကွေးနှင့်စစ်ကိုင်းတွင် စစ်​ကောင်စီတပ်ကိုမိုင်းဆွဲ တိုက်ခိုက်ရာ ​လေးဦး​သေဆုံး​ကြောင်းPRA ထုတ်ပြန်

အွန်လိုင်းတွင် ပျံ့နှံနေသော ပုလဲနယ်တွင်စကစ ၂၀ ကျော်သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ယခုထုတ်ပြန်သော သေဆုံးစာရင်းမှာခိုင်လုံသောနေရာမှ ရရှိခြင်းဖြစ်ကြောင်း PRAက အသိပေးသည်။

မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့များက အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) မွန်းလွဲ ၁ နာရီခွဲအချိန်က မကွေးတိုင်း၊ မြိုင်မြိုနယ် ၊ ကျွဲတွင်းရွာ အနီးတွင် စကစဆီဘောက်ဆာကားနှင့် အတူ လုံခြုံရေး လိုက်ပါလာသော ရဲတစ်ဦးကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၁၂) ဗိုလ်တိုးကြီး အဖွဲ့မှ မိုင်း ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါရဲ သေဆုံးခဲ့သည်။ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု PRAက ပြောသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တစ်နေရာတွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၅) ဗိုလ်နိုင် အဖွဲ့နှင့် (ကျားသစ်နက်၊ ပုလဲဗဟိုPDF ၊ပုလဲPDF ၊ပုလဲPPDG ) အဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်၍ စစ်​ကောင်စီတပ်ဖွဲ့ဝင် (၃)ယောက်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်​ကောင်စီဘက်မှ လေယာဉ်နှင့် တိုက်ခိုက်သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းPRAက ထုတ်ပြန်သည်။

အွန်လိုင်းတွင် ပျံ့နှံနေသော ပုလဲနယ်တွင်စကစ ၂၀ ကျော်သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ယခုထုတ်ပြန်သော သေဆုံးစာရင်းမှာခိုင်လုံသောနေရာမှ ရရှိခြင်းဖြစ်ကြောင်း PRAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။