Connect with us

Hi, what are you looking for?

News

မ​ကွေးနှင့်စစ်ကိုင်းတွင် စစ်​ကောင်စီတပ်ကိုမိုင်းဆွဲ တိုက်ခိုက်ရာ ​လေးဦး​သေဆုံး​ကြောင်းPRA ထုတ်ပြန်

အွန်လိုင်းတွင် ပျံ့နှံနေသော ပုလဲနယ်တွင်စကစ ၂၀ ကျော်သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ယခုထုတ်ပြန်သော သေဆုံးစာရင်းမှာခိုင်လုံသောနေရာမှ ရရှိခြင်းဖြစ်ကြောင်း PRAက အသိပေးသည်။

မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့များက အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) မွန်းလွဲ ၁ နာရီခွဲအချိန်က မကွေးတိုင်း၊ မြိုင်မြိုနယ် ၊ ကျွဲတွင်းရွာ အနီးတွင် စကစဆီဘောက်ဆာကားနှင့် အတူ လုံခြုံရေး လိုက်ပါလာသော ရဲတစ်ဦးကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၁၂) ဗိုလ်တိုးကြီး အဖွဲ့မှ မိုင်း ၂ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါရဲ သေဆုံးခဲ့သည်။ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု PRAက ပြောသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တစ်နေရာတွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၅) ဗိုလ်နိုင် အဖွဲ့နှင့် (ကျားသစ်နက်၊ ပုလဲဗဟိုPDF ၊ပုလဲPDF ၊ပုလဲPPDG ) အဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်၍ စစ်​ကောင်စီတပ်ဖွဲ့ဝင် (၃)ယောက်သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်​ကောင်စီဘက်မှ လေယာဉ်နှင့် တိုက်ခိုက်သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းPRAက ထုတ်ပြန်သည်။

အွန်လိုင်းတွင် ပျံ့နှံနေသော ပုလဲနယ်တွင်စကစ ၂၀ ကျော်သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ယခုထုတ်ပြန်သော သေဆုံးစာရင်းမှာခိုင်လုံသောနေရာမှ ရရှိခြင်းဖြစ်ကြောင်း PRAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။