Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော် ထီးမယ်ဝါးခီးတိုက်ပွဲတွင် သတင်းသမားတစ်ဦး ကျဆုံး

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အေစိုင်းကေသည် ဖက်ဒရယ်ဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

ခရစ္စမတ်နေ့ကဖြစ်ပွားသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးတိုက်ပွဲတွင် သတင်းသမားတစ်ဦးလည်းဖြစ် ကဗျာဆရာတစ်ဦးလည်းဖြစ်သူ အေစိုင်းကေ(ကို)သည် လက်နက်ကြီးဆထိမှန် ကျဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများက အတည်ပြုသည်။

ထီးမယ်ဝါးခီးကျေးရွာအား စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချိန် အေစိုင်းကေ၏ ဦးခေါင်းအား လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပြီး ထိုင်းဘက်ခြမ်းသို့ ပို့ ဆောင်ဆေးကုသခဲ့ရာ ယနေ့နံနက်ပိုင်း တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အေစိုင်းကေသည် ဖက်ဒရယ်ဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

အေစိုင်းကေသည် ကျဆုံးချိန်၌ (၃၈)နှစ်ရှိပြီဖြစ်ပြီး ၎င်း၏စျာပနအား ယနေ့ပြုလုပ်မည်ဖြစ်ပြီး မကွယ်လွန်မီက ‘ညစာ’ဟု အမည်ပေးထားသည့် ကဗျာတိုတစ်ပုဒ်ကို နောက်ဆုံးရေးစပ်ခဲ့ကြောင်း အေစိုင်းကေ၏ မိတ်ဆွေများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။