Connect with us

Hi, what are you looking for?

News

လေးကေ့ကော် ထီးမယ်ဝါးခီးတိုက်ပွဲတွင် သတင်းသမားတစ်ဦး ကျဆုံး

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အေစိုင်းကေသည် ဖက်ဒရယ်ဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

ခရစ္စမတ်နေ့ကဖြစ်ပွားသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးတိုက်ပွဲတွင် သတင်းသမားတစ်ဦးလည်းဖြစ် ကဗျာဆရာတစ်ဦးလည်းဖြစ်သူ အေစိုင်းကေ(ကို)သည် လက်နက်ကြီးဆထိမှန် ကျဆုံးသွားကြောင်း ၎င်း၏ မိတ်ဆွေများက အတည်ပြုသည်။

ထီးမယ်ဝါးခီးကျေးရွာအား စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ချိန် အေစိုင်းကေ၏ ဦးခေါင်းအား လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပြီး ထိုင်းဘက်ခြမ်းသို့ ပို့ ဆောင်ဆေးကုသခဲ့ရာ ယနေ့နံနက်ပိုင်း တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အေစိုင်းကေသည် ဖက်ဒရယ်ဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။

အေစိုင်းကေသည် ကျဆုံးချိန်၌ (၃၈)နှစ်ရှိပြီဖြစ်ပြီး ၎င်း၏စျာပနအား ယနေ့ပြုလုပ်မည်ဖြစ်ပြီး မကွယ်လွန်မီက ‘ညစာ’ဟု အမည်ပေးထားသည့် ကဗျာတိုတစ်ပုဒ်ကို နောက်ဆုံးရေးစပ်ခဲ့ကြောင်း အေစိုင်းကေ၏ မိတ်ဆွေများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။