Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁)နယ်မြေတွင် သုံးရက်အတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦးသေ

ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စုရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၀၉)တပ်ဖွဲ့နှင့် တိုက်ပွဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကို အတည်ပြုနိုင် သေးသော်လည်း KNLAဖက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

▪️စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံ ၂ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင်အတွင်း၌ ဒီဇင်ဘာ ၂၂ရက်မှ ၂၄ရက်အထိ တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ငါးဦးသေ၊ ခုနစ်ဦး ဒဏ်ရာရရှိကာ ရဲစခန်းတစ်ခု မီးရှို့လိုက်ကြောင်း KNU၏ တိုက်ပွဲသတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၂ရက်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ရာ သထုံမြို့နယ် ကော့လှိုင်းကျေးရွာအုပ်စု အတွင်း တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ငါးဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ကျိုက်ထိုမြို့နယ် အင်ဂဘိုကျေးရွာအနီး၌ ရိက္ခာပို့ရန်လာသော အာဏာသိမ်းစစ်ကောင်စီတပ်၏ကားတန်းကိုလည်း တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့ ကြောင်း ထိခိုက်သေဆုံးမှုကို မသိရကြောင်း ဖော်ပြထားသည်။

ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ တစ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၃ရက် ညပိုင်းတွင် သထုံမြို့နယ် ဝီယော်ကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီစခန်းကို KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်းဖော်ပြသည်။ ယင်းတိုက်ပွဲ၌ နှစ်ဦးနှစ်ဖက်ထိခိုက်မှုမရှိဟု ဆိုသည်။

ဒီဇင်ဘာ ၂၄ရက် ညနေပိုင်းတွင် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စုရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၀၉)တပ်ဖွဲ့နှင့် တိုက်ပွဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကို အတည်ပြုနိုင် သေးသော်လည်း KNLAဖက်က ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

ယင်းနေ့ နေ့လည်ပိုင်းကလည်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စုရှိ ဝတ်ကြီးရှိရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ဘီးလင်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များသည် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိပြီး စစ်ကောင်စီ၏ တပ်မ (၂၂) ခမရ-၁၀၁ တပ်ဖွဲ့မှ တပ်သားများသည် ဒီဇင်ဘာ ၂၁ ရက်တွင် အသက်(၆၀)နှစ် အရွယ်ရှိ ထော်ကလော်ခီး ကျေးရွာသူတစ်ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် KNU ဘီးလင်းမြို့နယ် အတွင်းရှိ ကြသောင်းဆိပ်ကျေးရွာ ၊ ထော်ကလော်ထာ့ကျေးရွာ၊ ထီးဖာဒို့ခီး ကျေးရွာ၊ ကုန်းရွာ၊ လေးခေါ့ထေကျေးရွာတို့မှ ဒေသခံ၂,၀၀၀ခန့် နေအိမ်များ စွန့်ခွာပြီး ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook