Connect with us

Hi, what are you looking for?

News

ခရစ္စမတ်နေ့တွင် ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီယာဉ်တန်းများ သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံရ

ထားဝယ်-မြိတ်အဝေးပြေးလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်တွင် စစ်ကား လေးစီးယာဉ်တန်းကို ယမန်နေ့ည ၁၀နာရီခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေအိမ်အချို့မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများက ပြောဿည်။

(ယမန်နေ့ညက သရက်ချောင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာကို တွေ့ရစဥ်)

ခရစ္စမတ်နေ့တွင် ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများကို သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်လေးခုအနက် သရက်ချောင်းမြို့နယ်တွင် နှစ်ကြိမ်နှင့် ရေဖြူမြို့နယ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရမူများရှိသော်လည်း အသေးစိပ်ကို မသိရှိရဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထားဝယ်-မြိတ်အဝေးပြေးလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ်တွင် စစ်ကား လေးစီးယာဉ်တန်းကို ယမန်နေ့ည ၁၀နာရီခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက နေအိမ်အချို့မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများက ပြောဿည်။

Public Service Announcement

Public Service Announcement

“ည ၁၀ နာရီခွဲလောက်မှာ မိုင်းကွဲသံတွေကော၊ သေနတ်သံတွေကော ကြားရတယ်၊ ဖြစ်တဲ့နေရာက ရွာချင်းဆက်နေတဲ့ လမ်းမကြီးဆိုတော့ လမ်းဘေးကရွာတွေကို စစ်သားတွေက သေနတ်တွေနဲ့ လိုက်ပစ်နေ ကြတယ်။ လူတွေကတော့ ကြောက်လန့်ပြီး အိမ်ထဲက ထွက်မကြည့်ရဲကြဘူး”ဟု သရက်ချောင်းဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုအပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက အဝေးပြေးလမ်းမဘေးရှိ ကျေးရွာများကို အကြမ်းဖက်ဝင်ရောက်စစ်ဆေးခြင်း၊ ရွာသားများကို ရိုက်နှက်နှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် သရက်ချောင်းမြို့နယ်အဝင်အထွက်ကို စစ်ကောင်စီတပ်သားများက လုံခြုံရေးတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ထိုအတူ သရက်ချောင်းမြို့နယ် ပိန်းတောရွာတွင်လည်း ဒီဇင်ဘာ ၂၅ရက် မွန်းလွဲ ၃နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ စစ်ကားနှစ်စီးကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် မိုင်းဆွဲရာတွင် လွဲချော်သွားသည့်အတွက် စစ်ကားများ ထိခိုက်မူကြီးကြီးမားမားမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

ထိုပြင် ရေဖြူမြို့နယ်တွင်လည်း ခ.မ.ရ (၄၀၈)ကလိန်အောင် တပ်ရင်းမှ သင်တန်းဆင်း ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရေဖြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ ( YPDF-Dynamite )က ဒီဇင်ဘာ ၂၅ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook