Connect with us

Hi, what are you looking for?

News

ကော့ကရိတ်ဘက်မှာလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုစတင်

ဒီလို KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား ထိတွေ့ပစ်ခတ်တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က အနည်းဆုံး ၇ ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

ကော့ကရိတ်မြို့နယ် အာရှလမ်းမဘက်မှာ ဒီကနေ့မနက်ပိုင်းက KNLAနဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးမှာရှိတဲ့ ကေအဲန်ယူမွေးမြူရေးဇုန်အနီးမှာ ဒီကနေ့ မနက် ၆ နာရီအချိန်ကစပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ကော့ကရိတ်မြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်တာပါ။

ဒီလို KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်တို့အကြား ထိတွေ့ပစ်ခတ်တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က အနည်းဆုံး ၇ ဦးခန့် သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ ခလရ (၉၇) တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေခဲ့ပြီး ဒီကနေ့ နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီ ၁၅ မိနစ်အချိန်အတွင်း လေယာဉ်နဲ့လာရောက်ကာ ပစ်ခတ်တိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုတွေကို လတ်တလောမှာ အတည်မပြုနိုင်သေးဘူလို့ ကေအဲန်ယူသတင်းရင်းမြစ်တစ်ဦးက ထပ်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက စစ်ကား ၄ စီးနဲ့ ထပ်မံတက်ရောက်လာပြီး လေယာဉ်လည်း ထပ်ရောက်လာဦးမယ်လို့ ကြားသိရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။