Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်သူများအား အရှင်လတ်လတ် မီးရှို့သတ်သည့် စစ်ကောင်စီကို ပြင်းထန်စွာအရေးယူရန် ကုလနှင့် နိုင်ငံတကာကို KNPP တောင်းဆို

အဆိုပါ ဖြစ်ရပ်နှစ်ခုစလုံးမှာ စစ်ကောင်စီအနေဖြင့် စစ်မြေပြင်အတွင်း စောင့်စည်းရမည့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ် အညွှန့်တုန်းစေသည့် တမင်အကြံအရွယ်ဖြင့် အတိအလင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း KNPPက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်နီပြည်သူများအား အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ ထုတ်ပြန်လိုက်ပြီး ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက ပြင်းထန်သည့်ကန့်သတ်အရေးယူမှုနှင့် ကြဉ်ဖယ်မှုအမြန်ဆုံး ပြုလုပ်သွားရန် တောင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး၌ စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ အမှတ်(၁၀၈)မှ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ပြည်သူ၊ အမျိုးသမီး၊ ကလေးသူငယ် များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှဝန်ထမ်း အပါအဝင် ၃၅ဦးကျော်တို့အား ဖမ်းဆီးရိုက်နှက်ခဲ့သည့် အပြင် ကားပေါ်တင်ကာ ဓာတ်ဆီလောင်းပြီး ကားနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း KNPPက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယင်းပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်းမှ လွှတ်ပေးရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ အသွင်ပြောင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကိုလည်း လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကိုအနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှစ်ခုစလုံးမှာ စစ်ကောင်စီအနေဖြင့် စစ်မြေပြင်အတွင်း စောင့်စည်းရမည့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ် အညွှန့်တုန်းစေသည့် တမင်အကြံအရွယ်ဖြင့် အတိအလင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း KNPPက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။