Connect with us

Hi, what are you looking for?

News

ကရင်နီပြည်သူများအား အရှင်လတ်လတ် မီးရှို့သတ်သည့် စစ်ကောင်စီကို ပြင်းထန်စွာအရေးယူရန် ကုလနှင့် နိုင်ငံတကာကို KNPP တောင်းဆို

အဆိုပါ ဖြစ်ရပ်နှစ်ခုစလုံးမှာ စစ်ကောင်စီအနေဖြင့် စစ်မြေပြင်အတွင်း စောင့်စည်းရမည့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ် အညွှန့်တုန်းစေသည့် တမင်အကြံအရွယ်ဖြင့် အတိအလင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း KNPPက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရင်နီပြည်သူများအား အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ ထုတ်ပြန်လိုက်ပြီး ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများက ပြင်းထန်သည့်ကန့်သတ်အရေးယူမှုနှင့် ကြဉ်ဖယ်မှုအမြန်ဆုံး ပြုလုပ်သွားရန် တောင်းဆိုခဲ့သည်။

ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီး၌ စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ အမှတ်(၁၀၈)မှ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ပြည်သူ၊ အမျိုးသမီး၊ ကလေးသူငယ် များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှဝန်ထမ်း အပါအဝင် ၃၅ဦးကျော်တို့အား ဖမ်းဆီးရိုက်နှက်ခဲ့သည့် အပြင် ကားပေါ်တင်ကာ ဓာတ်ဆီလောင်းပြီး ကားနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း KNPPက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယင်းပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်းမှ လွှတ်ပေးရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ အသွင်ပြောင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးကိုလည်း လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကိုအနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်နှစ်ခုစလုံးမှာ စစ်ကောင်စီအနေဖြင့် စစ်မြေပြင်အတွင်း စောင့်စည်းရမည့် စစ်ဥပဒေများအပြင် လူသားမျိုးနွယ် အညွှန့်တုန်းစေသည့် တမင်အကြံအရွယ်ဖြင့် အတိအလင်း ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ကြောင်း KNPPက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။