Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ဦးဆောင်တဲ့ KIO အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ပြီး ဒေသခံ ကချင်လူထုတွေ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ် ဘေးရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ ရေးပြောက်ကျားတပ် (YGF)-အမှတ်(၈၀၀၁)တပ်ရင်းထံ အခု ၂၀၂၆ ၄လနီးပါးအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၁၁ဦး ရှိပြီး လက်နက်နဲ့ အလင်းဝင်လာကြဖို့ ထောက်ပံ့ငွေ ချီးမြှင့်နိုင်ရေး ပြည်သူတွေ ပါဝင်ပေးကြဖို့ YGF တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က တိုက်တွန်းထားပါတယ်။