Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အမျိုးသမီးတဦးပါဝင်တဲ့ သူခိုးအဖွဲ့က အလှပြင်ဆိုင်က မီးစက်ခိုးယူ

​မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ အမျိုးသမီးပါဝင်တဲ့သူခိုးအဖွဲ့က အလှပြင်ဆိုင်တစ်ဆိုင်ရှေ့က မီးစက်ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။

ဧပြီ−၇၊၂၀၂၆။ မေရီ/People’s Spring

​မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ အမျိုးသမီးပါဝင်တဲ့သူခိုးအဖွဲ့က အလှပြင်ဆိုင်တစ်ဆိုင်ရှေ့က မီးစက်ခိုးယူသွားကြောင်း သတင်းရရှိပါတယ်။

ဧပြီ ၄ ရက် မနက် ၄ နာရီဝန်းကျင်က ချမ်းအေးသာဇံမြို့နယ်၊ ၃၃ (B) လမ်း၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြားရှိ အလှပြင်ဆိုင်ရှေ့မှာ ခြံခတ်ပြီး သော့ခတ်ထားတဲ့မီးစက်တလုံး ခိုးယူခံလိုက်ရတာပါ။ အဲဒီမီးစက်ကို လူငယ်အမျိုးသား ၃ ဦး၊ အမျိုးသမီးတဦးတို့က သံဖြတ်ကတ်ကြေးတွေပါ ယူဆောင်လာပြီး သုံးဘီးဆိုက်တွဲနဲ့ ခိုးယူသယ်ဆောင်သွားကြောင်း မီးစက်ပိုင်ရှင်က လူမှုကွန်ရက်မှာ CCTV မှတ်တမ်းနဲ့တကွ တင်ထားခဲ့တာပါ။

“အမျိုးသမီးတယောက်ပါနေတာကို တော်တော်အံ့သြတယ်။ မျက်မှန်နဲ့ သပ်သပ်ရပ်ရပ်ပုံံစံနဲ့”လို့ မီးစက်ပိုင်ရှင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

၎င်းတို့အဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာသို့ ဦးစွာရောက်ရှိလာပြီး ပတ်ဝန်းကျင်နဲ့ လမ်းအခြေအနေကို အကဲခတ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆိုင်ရှေ့မှာအကာအရံတွေနဲ့ စနစ်တကျ သော့ခတ်တပ်ဆင်ထားတဲ့ မီးစက်ကို သံဖြတ်ကတ်ကြေး အသုံးပြုကာ မိနစ်ပိုင်းအတွင်း ဖြတ်တောက်ခိုးယူခဲ့ကြခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းမှာ တွေ့ရှိရပါတယ်။

အဆိုပါမီးစက်ဟာ KOOP မီးစက်အမျိုးအစားဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း၁၀၀ထိ ရှိနိုင်ကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ​ဖြေရှင်းနေရကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နယ်သာလန် နိုင်ငံက ပြတိုက်တစ်ခုမှာ အဝင်ဂိတ်ကို သူခိုးတွေက ဖောက်ခွဲပြီး အဖိုးတန် ရှေးဟောင်း ပစ္စည်းတွေကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။