Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ စစ်​ရှောင်​တွေ​နေတဲ့ဘုန်းကြီး​ကျောင်းဗုံးကြဲခံရ သံဃာတပါး အပါအဝင် ၂ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ်‌ ​ဘေး​ရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး
သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

​ရွှေဘိုမြို့နယ် ၊ဆင်အင်းရွာ ကို စစ်တပ်က ၂၀၂၂ ဒီဇင်ဘာလမှာပြည်သူ​တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အိမ်​တွေကိုမီးရှို့လို့မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-​ဒေသခံ

■က​လေးငယ်​တွေကို ဗုံးခိုကျင်းထဲဝင်ခိုင်းပြီးချိန်မှာ ဗုံးကြဲခံရပြီး​တော့ ဆရာ​တော်ပျံလွန်

ဧပြီ၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ်‌ ​ဘေး​ရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး
သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဧပြီလ၆ရက်၊ မနက် ၁၁နာရီမှာ ရွှေဘိုမြို့နယ်အ
နောက်ခြမ်း ဆင်အင်းရွာဘုန်းကြီး ကျောင်းကို စစ်တပ်က လေကြောင်းက​နေ ဗုံးကြဲခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခံရမှုမှာ ကလေးတွေကို စာသင် ပေး နေတဲ့ ဦးဇင်းတပါး နေရာမှာတင် ပျံလွန်ခဲ့ပြီး ခြေထောက်ကိုထိမှန်ခဲ့တဲ့ အမျိုးသမီးဟာ ဆေးကု သနေစဉ်မှာပဲ သေဆုံးခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

“ဦးဇင်းက ကလေး တွေကိုဗုံးခိုကျင်းထဲ ဝင်ခိုင်းပြီး သူက ဗုံးကျင်းထိပ်မှာ ရောက်တဲ့အချိန် အကြဲခံလိုက်ရပြီးကျသွားတာပါ။အမျိုးသမီးက တော့ပထမ ခြေထောက်ဖျက်လိုက်ရတယ်။ ဆေးကုသ နေချိန်မှာပဲကျသွားတာ။ထိတာက တော့ စစ်ရှောင် တွေ ရော ၈ ယောက် လောက်ထိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ရှောင် တွေနေတဲ့ နေရာနဲ့ စာသင် ကျောင်းနှစ်ခုစလုံးကိုစစ်တပ်ကဗုံးကြဲသွားတာဖြစ်ပြီး အ
ဆောက်အဦး ပျက်စီးမှုလည်းရှိတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ မြို့တွေ ပေါ်မှာ သင်္ကြန်ပွဲကို စည်ကားအောင်လုပ်ဖို့ အကြီးကျယ်ပြင်ဆင်နေ​ပေမယ့် ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေက ကျေး
ရွာ တွေဘက်ကို​တော့ ​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်မှု​တွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါအပြင် ဒီ​နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု​တွေမှာ အနည်းဆုံး လေယာဉ်၂စီးက နေ ၇စီးအထိ အသုံးပြု ပြီး​တော့ အုပ်စုဖွဲ့လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ် နေတယ်လို့ ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။