သတင်း ရေတာရှည်မှာစိတ်ကျန်းမာရေးမကောင်းသူလက်နက်ကြီးထိမှန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။ ludunwayooဇွန် 8, 2026
သတင်း မောင်တောကို ဂဏန်းသွားရောင်းတဲ့ စစ်ရှောင် ၅ဦး နှစ်လကျော်တိုင်ပျောက်နေ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ဖားကန့်မှာ စစ်တပ်စစ်ကြောင်းကို KIA၊KPDF တိုက်ခိုက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ကောင်းတပ်ရွာ TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှု ပြန်ထူထောင်ရေး KIO ကျပ်သိန်း ၅၀၀ လှူဒါန်း တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ်၊ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှု ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။ ludunwayooဇွန် 8, 2026
သတင်း KIA တပ်မဟာ(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ် လိုင်ဆိုင်းဒေသကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ကျောမြို့ ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ရေဘေး ဆက်တိုက်ကြုံနေရတဲ့ ရှမ်းတောင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ (၈၁)နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲ သြစတြေးလျရောက် မြန်မာတွေ ပြုလုပ် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အသက် (၈၁) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို မနေ့(ဇွန်လ ၆)က ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇွန် 8, 2026
သတင်း နတ်မောက်မှာ အိမ်စီးကား ချောင်းအတွင်းမျောပါပြီး ကိုယ်ပိုင်ကျောင်းပိုင်ရှင် သေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အိမ်စီးကား ချောင်းဖြတ်ကူးစဉ် မျောပါလို့ ကားပေါ်လိုက်ပါလာတဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ပါတယ်။ ludunwayooဇွန် 8, 2026
သတင်း ချင်းတောင်ပိုင်းစစ်မြေပြင်ကရဲဘော်တွေအတွက် ပြည်သူတွေရဲ့လှူဒါန်းပစ္စည်းတွေရှေ့တန်းပို့ဆောင်၊ တိုက်ပွဲ ဆက်ပြင်းထန်နေဟု ချင်းတပ် CPU အသိပေး ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။ ludunwayooဇွန် 8, 2026