Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ဂွန်မော်ဦးဆောင်တဲ့ KIO အဖွဲ့ ရှမ်းမြောက်သို့ သွားရောက်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ဦးဆောင်တဲ့ KIO အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ပြီး ဒေသခံ ကချင်လူထုတွေ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ၂၀၂၆ ဖေဖော် ဝါရီ ၅ရက်မှာကျရောက်တဲ့ ကချင်တော်လှန် ရေးနေ့ အခမ်းအနားကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ကျင်းပရာအွန်လိုင်းမှမိန့်ခွန်းပြောကြားစဥ်။ဓါတ်ပုံ-Screengrab

■ဒေသခံတွေ၊ မဟာမိတ်တိုင်းရင်းသားတပ်တွေနဲ့ တွေ့ဆုံဟုသတင်းရင်းမြစ်ပြော

ဧပြီ-၇၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ဦးဆောင်တဲ့ KIO အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ပြီး ဒေသခံ ကချင်လူထုတွေ၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရှမ်းမြောက်ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။

KIOခေါင်းဆောင်ရဲ့ ရှမ်းမြောက် ခရီးစဉ်နဲ့ တွေ့ဆုံမှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး KIO/KIA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် ဒေသခံ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ဧပြီ ပထမပတ်အတွင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို ကိုးကန့်တပ် MNDAA နဲ့ နမ့်ဖက်ကာမှာ တွေ့ဆုံခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ရှမ်းတပ် SSPP နဲ့ ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။အလားတူ နမ့်ခမ်းမြိုကိုလည်းဗိုလ်ချုပ်ဂွန်မော် သွားရောက်ခဲ့ပြီး တအာင်းတပ်မတော်(TNLA)နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက်ခရီးစဉ်နဲ့ ပတ်သက်ပြီး KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၊ TNLA ပြောရေးဆိုခွင့်ရှိသူ ၊ SSPP ပြောရေးဆိုခွင့်ရှိသူ တို့ထံ လူထု​​နွေဦးက ဆက်သွယ်မေးမြန်းဖို့ကြိုးစား​နေ​ပေမယ့်အဆက်အသွယ်မရသေးပါဘူး။

ရှမ်းသတင်းရင်းမြစ်တဦးကတော့ SSPPနဲ့ KIO တွေ့ဆုံဖို့ရှိပြီး အသေးစိတ် အခြေအနေတွေ မသိရဘူးလို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသကိုသွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံရာမှာပြည်သူတွေကိုနိုင်ငံရေးဆိုင်ရာအသိပေးပြော
ကြားမှုတွေလုပ်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။

“ဗိုလ်ချုပ်ဂွန်မော် နမ့်ဖက်ကာ ဒေသခံများကို လာရောက်တွေ့ဆုံတာကို ပြည်သူတွေ ကျေးဇူးတင်နေကြပါတယ်။ ဗိုလ်ချုပ်ဂွန်မော်ရဲ့ ဒီတခေါက် နမ့်ဖက်ကာမှာ ပြည်သူတွေကို နိုင်ငံရေး အသိပညာပေး ပြောကြားလာခြင်း လာရောက်တွေ့ဆုံခြင်းဟာ ပြည်သူတွေနဲ့ မဟာမိတ်တပ်တွေအကြား စည်းလုံးမှု ပိုမိုခိုင်မာလာမယ်ထင်တယ်။ အခုလို KIA တိုက်ခိုက်သိမ်းယူထားတဲ့ နမ့်ဖက်ကာ ရွာမှာ ဗိုလ်ချုပ်ဂွန်မော် ရောက်လာတာဟာ ပြည်သူတွေသာမက စကစကို တော်လှန်နေတဲ့ မဟာမိတ်တပ်တွေအတွက် အင်အားဖြစ်စေမှာပါ” လို့ ဒေသခံက ပြောပါတယ်။

KIAဟာ ၂၀၂၄ ဇန်နဝါရီမှာ နမ့်ဖက်ကာမှာရှိတဲ့စစ်ကောင်စီရဲ့ အမှတ်(၁၂၃)​ခြေလျင်တပ်ရင်း( ခလရ၁၂၃)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့တိုက်လေယာဉ်တစ်စီးကိုလည်းပစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဗိုလ်ချုပ်ဂွန်မော်ဟာ ရှမ်းမြောက်ခရီးစဉ်အတွင်း မဟာမိတ်တပ်တွေနဲ့ အပြုသဘောဆောင်တဲ့​တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်လို့ရှမ်း​မြောက်ကသတင်းရင်းမြစ်​တွေကပြောပါတယ်။

KIOဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့ပါတယ်။ အဲဒီစုဖွဲ့မှုမှာ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ရေး ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ဦးဆောင်ကောင်စီ တာဝန်ရှိသူတွေက အသိပေးထားပါတယ်။

အခု ဗိုလ်ချုပ်ဂွန်မော်ရဲ့ ရှမ်းမြောက် ခရီးစဉ်ဟာ ဦးဆောင်ကောင်စီမှာ တိုင်းရင်းသားတော်လှန်းရေးတပ်တွေ ထပ်မံ ပါဝင်လာရေး ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

“ခရီးစဉ်ဟာအပြုသဘောဆောင်ပြီးရလဒ်ကောင်းရခဲ့တယ်လို့ မြင်ပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

KIA၊ TNLA၊ MNDAA၊ SSPPလေးဖွဲ့စလုံးစစ်ရေး နိုင်ငံရေးပူးပေါင်းဆောင်ရွက်လာပါက မင်းအောင်လှိုင်နဲ့ အာဏာရှင်တွေ ပြုတ်ကျရေးပိုမိုနီးစပ်လာမယ်လို့လည်း ရှမ်း​မြောက်က သတင်းရင်းမြစ်တဦးကသူရဲ့အမြင်ကို​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook