Connect with us

Hi, what are you looking for?

သတင်း

ရေးပြောက်ကျားတပ်ထံ အခုနှစ် ၄လအတွင်း စစ်သား ၁၁ဦး အလင်းဝင်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ ရေးပြောက်ကျားတပ် (YGF)-အမှတ်(၈၀၀၁)တပ်ရင်းထံ အခု ၂၀၂၆ ၄လနီးပါးအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၁၁ဦး ရှိပြီး လက်နက်နဲ့ အလင်းဝင်လာကြဖို့ ထောက်ပံ့ငွေ ချီးမြှင့်နိုင်ရေး ပြည်သူတွေ ပါဝင်ပေးကြဖို့ YGF တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က တိုက်တွန်းထားပါတယ်။

ဧပြီ ၄ရက်မှာ အလင်းဝင်လာတဲ့ ရေးမြို့နယ် ခလရ(၃၄၃) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦး ။ဓာတ်ပုံ − ဗိုလ်ကျန်ရစ်

ဧပြီ ၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ ရေးပြောက်ကျားတပ် (YGF)-အမှတ်(၈၀၀၁)တပ်ရင်းထံ အခု ၂၀၂၆ ၄လနီးပါးအတွင်း အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၁၁ဦး ရှိပြီး လက်နက်နဲ့ အလင်းဝင်လာကြဖို့ ထောက်ပံ့ငွေ ချီးမြှင့်နိုင်ရေး ပြည်သူတွေ ပါဝင်ပေးကြဖို့ YGF တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က တိုက်တွန်းထားပါတယ်။

ဧပြီ ၄ရက်မှာ ရေးမြို့နယ် ခလရ(၃၄၃) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦး လက်နက် ယူလာပြီး ရေးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာပြီးနောက် ဗိုလ်ကျန်ရစ်က ဧပြီ ၆ရက်မှာ တော်လှန်လူထုတွေကို အခုလိုတိုက်တွန်းခဲ့တာပါ။

“တော်လှန်ပြည်သူများ အားလုံးကိုတစ်ခုလောက် တောင်းဆိုချင်ပါတယ်။နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိကျနော်တို့ YGF (အမှတ်−၈၀၀၁) တပ်ရင်းကို( 2026)နှစ်အစကနေ စပြီးတော့ ၄ လအတွင်းလက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာတဲ့ ပစ စစ်မှုထမ်း ( ၁၁) ဦးရှိပါတယ်။ အလင်းဝင်စစ်မှုထမ်းများကို ထောက်ပံ့ငွေများနဲ့ ဂုဏ်ပြုချီးမြှင့်ချင်ပါတယ်ဗျာ။” လို့ ဗိုလ်ကျန်ရစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားပြီး ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေခက်ခဲနေတာသိပေမဲ့လည်း ကျနော်တို့မှာပြည်သူတွေပဲရှိတာမလို့ အပူကပ်နေရတာပါ၊ဒါကြောင့်တတ်နိုင်တဲ့ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ပြောချင်ပါတယ်။”လို့ ရေးပျောက်ကြားတပ် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အခု နှစ်အတွင်း အလင်းဝင်ရောက်သူ များအပါအဝင် YGF ထံ အလင်းဝင်လာသူ စုစုပေါင်းမှာ ၂၀ဦးထက်မနည်းရှိခဲ့ပါတယ်။

အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုဂုဏ်ယူကြောင်း ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခံမယ့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကိုဝင်ပြီး တော်လှန်ရေးအမြန်ပြီးဆုံးအောင် ဝိုင်းဝန်းတွန်းလှန်ကြဖိုလည်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ယခင်ကတည်းက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ကြဖို့လည်း ရေးပြောက်ကျားတပ်ဖွဲက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။