Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်း၂ ကြောင်းထိုးပြီး ရွာတွေမီးရှို့

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က ပန်းပေါင်းရွာကို စစ်တပ်က မီးရှို့နေစဉ်။ ဓာတ်ပုံ - CJ

ဧပြီ−၇၊၂၀၂၆။ ရှိန်း/People’s Spring

မန္တ‌လေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ပန်းပေါင်းကျေးရွာက ဒေသခံ ၂ဦး သတ်ဖြတ်ကာ ကျေးရွာကို မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က ပန်းပေါင်းရွာကို စစ်တပ်က မီးရှို့နေစဉ်။ ဓာတ်ပုံ – CJ

မလှိုင်မြို့နယ်က ထွက်လာတဲ့ အင်အား၂၀၀ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၅ရက် မနက်ပိုင်းမှာ တောင်သာမြို့နယ် ပန်းပေါင်းရွာအနီးက PDFစစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တစ်ဦးဒဏ်ရာ ရခဲ့ပြီး လူ၊လက်နက်ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ပန်းပေါင်းရွာကို စစ်တပ်ကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၆၈)နှစ်အရွယ်နဲ့ (၅၈)နှစ် အရွယ် အမျိုးသမီး ၂ဦး ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဗုံးကြဲမီးရှိူ့တာတွေဆက်တိုက်ပြုလုပ်နေပြီး ဒီကနေ့အထိ စစ်ကြောင်းရှိနေတာမို့ ပျက်စီးမှု အရေအတွက်ကို မသိရသေးဘူးလို့ ဒေသခံ‌‌တွေက ပြောပါတယ်။

” ၅ရက်နေ့က ဒရုန်းနဲ့လည်း မီး လောင်ဗုံးကြဲတယ်။အဲဒီမှာလည်း အိမ်၄လုံး လောက်ပါတယ်တဲ့။အဲတာပြီးတော့ ဆက်မီးရှို့တာ။တရွာလုံးကုန်ပြီပြောတာပဲ။ကျွန်မတို့လည်းရွာထဲ မဝင်ရသေးတော့တိတိကျကျမသိရ သေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မဟာသင်္ကြန်ပွဲတော်နီးကပ်လာချိန်မှာ စစ်တပ်က တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေရှိနေပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေတယ်လို့ တောင်သာမြို့နယ်က PDFတပ်ရင်းတစ်ခုကလည်း ပြောပါတယ်။

တဖက်မှာလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်သာမြို့ ပေါ်နေ စစ်တပ်က ဖောကား၂စီး၊ခြေလျင်စစ် ကြောင်း စုစုပေါင်း အင်အား၁၅၀ခန့်နဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ၂၀ ရက်မှာ ညောင်တို၊ကန်ပေါက်ကျွန်းရွာတွေကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။မတ်လ၂၃ရက်မှာ အဲဒီစစ်ကြောင်းဟာ မင်းတည်းကျေးရွာကို ရောက်ရှိခဲ့ပြီး မင်းတည်းရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မင်းတည်းကျေးရွာကို ၂ရက်ဆက်တိုက် ရွာလုံးကျွတ်မီးရှို့ပြီးတဲ့နောက် မတ်လ၂၆ရက်မှာလည်းသဲတောရွာကို ထပ်မံမီးရှို့ခဲ့တာလို့သိရပါတယ်။

အဲဒီစစ်ကြောင်းကလည်း သဲတောကျေးရွာရဲ့မြောက်ဘက်က ကျေးရွာတွေဆက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook