Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအာသံရိုင်ဖယ်တပ်က မြန်မာနယ်စပ်ဘက်ကို ဒရုန်းဗုံးကြဲလို့ ၂ ဦးဒဏ်ရာရ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊လဟယ်မြို့နယ်ထဲကို အိန္ဒိယဗဟိုအစိုးရရဲ့ အိန္ဒိယနယ်စပ်လက်နက်ကိုင်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ကဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦးအပါအဝင်ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အာသံရိုင်ဖယ် ဒရုန်းဗုံးကြဲခဲ့တဲ့​နေရာနဲ့ ဒဏ်ရာရခဲ့တဲ့ ​မြေးအဖိုး / ​ဒေသခံ​တွေက ဆန္ဒပြကန့်ကွက်​နေကြစဥ်။ဓါတ်ပုံ-​ပေးပို့

■​အာသံရိုင်ဖယ်တပ်ရဲ့ကျူး​​ကျော်တိုက်ခိုက်မှုအ​ပေါ်ဒေသခံ​တွေ ဆန္ဒပြကန့်ကွက်

ဧပြီ-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊လဟယ်မြို့နယ်ထဲကို အိန္ဒိယဗဟိုအစိုးရရဲ့ အိန္ဒိယနယ်စပ်လက်နက်ကိုင်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်ကဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦးအပါအဝင်ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

လဟယ်မြို့နယ်၊ ခမ္မိုင်လောရီရွာထဲကို ဒီ​နေ့(ဧပြီလ၆ ) နံနက် ၂နာရီခန့်မှာ ဒရုံးနဲ့ဗုံးနှစ်လုံးကြဲတာဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဟာ နှစ်နိုင်ငံနယ်စပ်ကိုကျူးကျော်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“နယ်စပ်ဒေသမှာနေသူတွေအတွက်ကတော့ အားကိုးစရာမရှိတော့ဘူး။ အခုလိုတွေ ဗုံးလာကြဲလည်း ဘယ်အဖွဲ့အစည်းကမှ အကာအကွယ်မပေးနိုင်ဘူးဖြစ်နေတယ်” လို့ အဲဒီဒေသခံသတင်းမြစ်ကပြောပါ။

အာသံရိုင်ဖယ်တပ်ဟာ လူနေအိမ်တွေကိုပစ်မှတ်ထားဗုံးကြဲသွားတာဖြစ်ပြီးတိုက်ခိုက်မူအတွင်း အိမ်ထဲမှာ အိပ်နေတဲ့အဖိုးအိုနဲ့မြေးဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံတဦးက People’s Spring ကိုပြောပါတယ်။

အဲဒီလိုတိုက်ခိုက်မှုအပေါ် ဒေသခံတွေကဧပြီ ၇ ရက် မှာပဲ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။

ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာနေထိုင်မှုကို လေးစားလိုက်နာဖို့၊ အရပ်သားရှိရာကို ပစ်မှတ်ထားတိုက်ခိုက်နေတာ​တွေကို ရပ်တန့်ပေးဖို့နဲ့ ပြည်သူလူထုအတွက်တရားမျှတမူရရှိဖို့ တောင်းဆိုခဲ့ကြတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပန်ဆောင်မြို့နယ်စပ်ကို အာသံရိုင်ဖယ်တပ်က လုံခြုံရေးယူပြီး အိန္ဒိယဘက်က ကာရံနေပါတယ်။ ဒေသခံတွေကကန့်ကွက်ပေမယ့်မရပ်တန့်တဲ့အတွက်နာဂလက်နက်ကိုင်တပ်ဖြစ်တဲ့ NSCN-K (YA) က မတ်လ ၂၆ရက် ည‌နေမှာ တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ အာသံရိုင်ဖယ်တပ်က သုံးဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုပြီးနောက်ပိုင်း အိန္ဒိယကနယ်စပ်ကိုပိတ်ဆို့ခဲ့သလို ယခုအခါမှာမြန်မာ့ဘက်ခြမ်းကိုကျူးကျော်ပြီး တိုက်ခိုက်တဲ့အထိပြုလုပ်လာတာလို့ ဒေသခံတွေကပြောပါတယ်။

လဟယ်မြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၅ခုနှစ် အောက်တိုဘာလ၂၀ရက် ညကလည်း အာရုံ ရိုင်ဖယ်တပ်ကဗုံးကြဲလို့ ​ဒေသခံအချို့သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ ကမ်မော်လောရီကျေးရွာကို မှဒရုန်းနဲ့ ဗုံးကြဲလို့ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak (ပီယောင်းကွန်းရက်) ရဲ့ သားနဲ့ မြေးဖြစ်သူတို့ သေဆုံးခဲ့ပါတယ်။

အာသံရိုင်ဖယ်တပ်က ၂၀၂၅ ခုနှစ် နဲ့ ၂၀၂၆ ဧပြီလအထိ မြန်မာပဲခြမ်းကိုကျူးကျော်ပြီးဗုံးကြဲမှု လေကြိမ်ရှိပြီလို့ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook