သတင်း BGF တပ်ဖွဲ့ဝင်တွေ KNA ဘက်တံဆိပ်ပြောင်းလဲအသုံးပြုနေ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေကရင်အမျိုးသားတပ်မ တော်(KNA)ဘက်တံဆိပ်ကိုပြောင်းလဲတပ်ဆင် အသုံးပြုနေပြီး လာမယ့် နိုဝင်ဘာလမှာ KNA အမည်နဲ့ တရားဝင်ပြောင်းလဲ ဖွဲ့စည်းသွားမယ်လို့ နယ်ခြားစောင့်တပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooဩဂုတ် 17, 2025
သတင်း မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ၃ဦးသေဆုံး မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၇ရက်နံနက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 17, 2025
သတင်း ပေါက်မြို့နယ်မှာ စစ်တပ်ပစ်ခတ်လို့ အရပ်သား နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ မကွေးတိုင်း၊ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဩဂုတ် 17, 2025
သတင်း မိုးကုတ်မြို့ဆေးရုံအနီးကို စစ်ကောင်စီ ဗုံးထပ်ကြဲ တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၇ရက်) မနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့က အသိပေးသည်။ ludunwayooဩဂုတ် 17, 2025
သတင်း စစ်ကောင်စီ၊ SNA တပ်စွဲထားသည့် မိုင်းနောင်နှင့် မမုံကိုင်ရွာ ပြန်သိမ်းပိုက်ရဟု KIA ပြော ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်နှင့် SNAပြည်သူ့စစ်တို့တပ်စွဲထားသော မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာအား ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁၆ရက်ညပိုင်း၌ သတင်းဖော်ပြ သည်။ ludunwayooဩဂုတ် 17, 2025
သတင်း Royal River Viewကွန်ဒိုမီးလောင်မှု မီးသတ်ထုတ်ပြန်ချက်နှင့် မြေပြင်အခြေအနေကွဲလွဲနေ ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်ရှိ Royal River View ကွန်ဒိုမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်၌ နာရီနှင့်ချီကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ludunwayooဩဂုတ် 17, 2025
သတင်း ဘန်ကောက်မှာ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၀ ကျော် ဖမ်းမိကြောင်း ထိုင်းရဲပြော ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ludunwayooဩဂုတ် 17, 2025
သတင်း ရေးဖြူတိုက်ပွဲ စစ်တပ်အရာရှိအပါအဝင် ၁၇ဦးသေပြီးပြန်ဆုတ်သွား တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ-မလွဲတောင် လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ခရီးသွားပြည်သူများကို အသိပေးခဲ့ပြီး ဩဂုတ် ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ဟု ပြောသည်။ ludunwayooဩဂုတ် 17, 2025
သတင်း စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားမှုပြုလုပ် စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooဩဂုတ် 17, 2025
သတင်း ကားအစီးရေ၁၀၀ကျော်ပါသောစစ်တပ်ယာဉ်တန်းပေါက်မှရှေ့တိုးလာ ပခုက္ကူမြို့၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။ ludunwayooဩဂုတ် 17, 2025