Connect with us

Hi, what are you looking for?

သတင်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၁၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက် နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ ကာကွယ်ရေးအဖွဲ့‌တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ ပြည်သူများကိုမျက်နှာမူ၍ ပြည်သူ့ဘက်တော် သား တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲ၀င်နိုင်ရေး ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ၊ မဆုတ်မနစ်သော ဇွဲ၊ လုံလတိုဖြင့် ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ် ၅ဖွဲ့ စုပေါင်းထားသည့် ZZLMS ညီနောင်အဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရွှေဘို နှင့် ဝက်လက် မြို့နယ်များရှိ ရှေ့တန်းစစ်မြေပြင်တွင်တိုက်ပွဲဝင်နေသော ရဲဘော်များအတွက် ပြည်သူများ၏ကူညီလှူဒါန်းမှုဖြင့် ရိက္ခာများ ပို့ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ မှ တာဝန်ရှိသူကပြောသည်။

သတင်း

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဩဂုတ်လ ၂၁ ရက်ညပိုင်းက ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အရာရှိတစ်ဦးရဲ့ နေအိမ်မီးလောင်မှုမှာ ဗိုလ်အဆင့်ရှိသူတပ်ဖွဲ့ဝင်သေဆုံးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့က ယာယီ ထိန်းသိမ်းရေး အကျဉ်းခန်း တစ်ခုမှာ မြန်မာ အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်(၂၂) ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ- ၂၂) ဆီ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကို ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်နဲ့အုတ်ဖိုမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ကထပ်မံအင်အားဖြည့်နေပြီး မြေပြင်စစ်ကြောင်းများ လှုပ်ရှားလာ၍ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် နီးစပ်သူများက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်စဉ် ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ဝှက်ထားသော လက်နက်များတွေ့ရှိသည့် ပြည်သူများက လာရောက်အပ်နှံ၍ ဆုငွေပေးအပ်ခဲ့ဟု CDF - မင်းတပ်က ယနေ့ (ဩဂုတ် ၂၂ရက်)တွင် သတင်းထုတ်ပြန်သည်။

Facebook