Connect with us

Hi, what are you looking for?

သတင်း

မွန်နဲ့ ကရင်အစပ် ရှိ ပျဉ်းမပင်ဆိပ်ရွာဗုံးကြဲခံရပြီး ကလေးငါးဦးသေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက KNU တပ်မဟာ (၁) ထိန်းချုပ်ရာ ပျဉ်းမပင်ဆိပ်ရွာကိုမနေ့ (အောက်တိုဘာ ၉ ရက်) ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကလေး ငါးဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဓာတ်ပုံ - KPSN

အောက်တိုဘာ – ၁၀ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက KNU တပ်မဟာ (၁) ထိန်းချုပ်ရာ ပျဉ်းမပင်ဆိပ်ရွာကိုမနေ့ (အောက်တိုဘာ ၉ ရက်) ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ကလေး ငါးဦး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ပျဉ်းမပင်ဆိပ်ကျေးရွာအနောက်ဘက်ခြမ်းကိုတိုက်ပွဲမဖြစ်ဘဲမနေ့ညပိုင်း၈ နာရီခန့်က လေယာဉ်နဲ့ဗုံးကြဲတာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ပြီး သေဆုံးသူအားလုံးဟာ ကလေးတွေဖြစ်ကြတယ်လို့ ကနဦးသိရပါတယ်။

Public Service Announcement

Public Service Announcement

အသက်အရွယ်အားဖြင့်တော့ ၆ နှစ်ကနေ ၁၂နှစ်အရွယ်တွေဖြစ်ကြပါတယ်။ ဒဏ်ရာရသူတွေလည်း ၁၀ ဦးဝန်းကျင်ရှိတယ်လို့သိထားရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU တပ်မဟာ(၁)တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေပေမယ့် အဆက် အသွယ်မရသေးပါဘူး။

ဒီနေ့ (အောက်တိုဘာ ၁၀ ရက်) မနက်ပိုင်းမှာလည်း KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ထီးခီးကျေးရွာထဲဗုံးကြဲတိုက်ခိုက်လာတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)နယ်မြေထဲကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ရာမှာ ကျောင်းသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ဦးခန့် ဒဏ်ရာရ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Facebook