Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စာသင်ကျောင်းတွေတိုက်ခိုက်လို့ မင်းတပ်က ကျောင်းတွေအားလုံး ပိတ်ထား

အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)င စပြီး မြို့နယ်အတွင်း ကျောင်းတွေအားလုံး ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မြို့နယ် ပညာရေးဘုတ်အဖွဲ့သို့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာ ၈ရက်မှာ မင်းတပ် မြို့နယ်က ၀မ္မသူးရွာနဲ့ ထင်ချောင်းရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mondat

အောက်တိုဘာ -၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဒီကနေ့ (အောက်တိုဘာ ၁၀ရက်)င စပြီး မြို့နယ်အတွင်း ကျောင်းတွေအားလုံး ခေတ္တပိတ်ထားဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က မြို့နယ် ပညာရေးဘုတ်အဖွဲ့သို့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၈ရက်မှာ မင်းတပ်မြို့နယ်က ၀မ္မသူးရွာနဲ့ ထင်ချောင်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ဦး၊ မသန်စွမ်းအမျိုးသမီး ၁ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း ကလေးငယ်တွေကို ဦးတည်ကာ စာသင်ကျောင်းတွေ ဘော်ဒါဆောင်တွေကို တိုက်ခိုက်နေ၍ ကြားကာလ ပြည်သူ့ အခြေပြုကျောင်းတွေအားလုံး အောက်တိုဘာ ၁၀ရက် ဒီကနေ့က စပြီး ခေတ္တ ပိတ်ထားဖို့ မြို့နယ်ပအဖက အကြောင်းကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါနဲ့ပတ်သက်ပြီးမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူကလည်း အတည်ပြုပြီး လေကြောင်းလုံခြုံရေး အတွက် ခေတ္တ ပိတ်ထားလိုက်ခြင်းဖြစ်ပြီး လေကြောင်း ပြန်ငြိမ်ပါက ကျောင်းတွေ ပြန်ဖွင့်သွားမယ်လို့ ပြေပါတယ်။

“ဆုံးသွားတဲ့ ကလေးတွေအတွက်လည်းဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ပါ”လို့ မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့ Page Admin Team တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအားလုံး ပိုမိုစည်းလုံးပြီး စစ်အာဏာရှင်စနစ်ကျဆုံးအောင် အမြန်ဆုံး တိုက်ခိုက်နိုင်မှ ကျောင်းသားကလေးငယ်တွေ လေကြောင်းရန် ကြုံနေရတဲ့ အခြေအနေကို ရှောင်ရှားနိုင်မယ်လို့လည်း သူက ပြောပါတယ်။

“ဒီလို အဖြစ်ပျက်တွေ မဖြစ်အောင် လေကြောင်း လုံခြုံရေးတွေပိုပြီး ပြင်ဆင်ထားသင့်တာပေါ့။ “ လို့လည်း မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ချင်းဒေသကာကွယ်ရေးတပ်(CDF) -မင်းတပ်နဲ့ မဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း မင်းတပ်ကို လေကြောင်း စစ်ဆင်ရေးများ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ အခုလအတွင်းမှာ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး လူသေဆုံးထိခိုက်မှု၊ နေအိမ်အဆောက်အဦးပျက်စီးမှုတွေရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မင်းတပ်အပါအဝင် နိုင်ငံတဝန်းမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံတွေ လူနေအိမ်တွေ စတဲ့ အများပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေလို့ ပြည်သူ အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။