Hi, what are you looking for?
ရန်ကုန်မြို့၊အင်းစိန်မြို့မ ရဲစခန်းဂိတ်ကင်းမှာ ရဲတပ်ဖွဲ့ဝင်တွေရှိနေချိန် ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။
ငလျင်ဒဏ်သင့်ဒေသများတွင် ပြိုကျအ ဆောက်အဦများကြား နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ဧပြီ ၃ ရက်မှ ၅ ရက်(ယနေ့)အထိ အသက်သေဆုံးပြီးသူ ၄၇ ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သော်လည်း အသက်ရှင်နေသူကိုထပ်မံမတွေ့ရှိရတော့ကြောင်း မီးသတ်ဦးဌာန မှတ်တမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှသိရသည်။