Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ဒေသများ မိုးသက်လေပြင်းနှင့်နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ် သတိပြုကြရန် NUG သတိပေး

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

ယနေ့(ဧပြီ ၆ရက်)နံနက်က အမရပူရမြို့နယ်ရှိ ရေမြုပ်နေသော ငလျင်ရှောင်ယာယီတဲများအား တွေ့ရစဥ်။ ဓာတ်ပုံ-Scorpio

ဧပြီ ၆၊၂၀၂၅။စိုင်းနန်/People’s Spring

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသကိုးခု၌ နေရာကွက်၍မိုးရွာနိုင်ပြီး ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးသက်လေပြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးသည်။

ယနေ့ (ဧပြီ ၆ရက်)တွင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတွင် နေရာကွက်၍မိုးရာနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ပုံမှန်ထက်မိုးများနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် ငလျင်ဘေးသင့်ဒေသမှ ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အထူးသတိပြုကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

Public Service Announcement

Public Service Announcement

နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါသည်။ ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အထူးသတိပြုကြပါရန် MOHADMက သတိပေးထားသည်။

ယမန်နေ့ညက မန္တလေးနှင့် စစ်ကိုင်းမြို့တွင် မိုးသက်လေပြင်းကျခဲ့ပြီး ငလျင်ဘေးသင့်သူများ၊ ကယ်ဆယ်ရေးအဖွဲ့များ အခက်အခဲကြုံတွေ့ခဲ့သည်။ လာမည့်ရက်အနည်းငယ်အတွင်းတွင် ဘင်္ဂလားပင်လယ်အော်၌ လေးဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်သည့် သတိပေးချက်လည်း ရှိနေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook