Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်စနစ်ကို ပြည်သူများရွံရှာမုန်းတီးနေမှု ထင်ရှားနေပြီး လူမျိုးတိုင်း၊အဖွဲ့တိုင်း တော်လှန်နေချိန်ဖြစ်၍ မုချအောင်မြင်မှုရမည်ဟု KNUတပ်မဟာမှူး ပြော

ပြည်သူများစစ်အာဏာရှင်စနစ်ကိုရွံရှာမုန်းတီးနေသည်မှာထင်ရှားပေါ်လွင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်တပ်မဟာ(၂)တပ်မဟာမှူးဗိုလ်မှူးချုပ် စောဩဂုတ်စတီး က ပြောသည်။

KNLAတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Foreign Policy

ဧပြီ ၆၊၂၀၂၅။ဟန်နွေ/People’s Spring

ပြည်သူများစစ်အာဏာရှင်စနစ်ကိုရွံရှာမုန်းတီးနေသည်မှာထင်ရှားပေါ်လွင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင်တပ်မဟာ(၂)တပ်မဟာမှူးဗိုလ်မှူးချုပ် စောဩဂုတ်စတီး က ပြောသည်။

တပ်မဟာ(၂)နယ်မြေရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာတွင် အသုံးပြုရန် ရည်ရွယ်လုပ်ဆောင်သည့်စစ်တောင်းကမ်ပိန်း ရန်ပုံငွေရှာဖွေမှုတွင် သတ်မှတ်ထားသည့်ဘတ်သုံးသန်းထက် ကျော်လွန်ကာ ဘတ် ၃သန်း ၆သိန်းထိ ရရှိခဲ့မှုနှင့်ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြားရာ တပ်မဟာမှူးက ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“ကျနော်တို့မျှော်မှန်းထားတာထက် ပိုပြီးတော့ရရှိတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဒီအာဏာရှင်စနစ်ကို ပြည်သူတွေကနေပြီးတော့ ဘယ်လောက် ရွံရှာမုန်းတီးသလဲဆိုတာ ဒီမှာကြည့်လိုက်ရင်ပေါ်လွန်ပါတယ်”ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် စောသြဂုတ်စတီးက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် တော်လှန်ရေးအဖွဲ့အစည်း မည်သည့်အဖွဲ့က
အကူအညီတောင်းတောင်း ပြည်သူဘက်ကတော့အတတ်နိုင်ဆုံးကူညီကြ၍ ပြည်သူအားလုံးကိုများစွာကျေးဇူးတင်ဟု ၎င်းက ပြောသည်။

စစ်‌တောင်းကမ်ပိန်း အထမြောက်အောင်မြင်အောင်ကူညီကြသူအားလုံးကိုလည် ကျေးဇူးတင်ကြောင်း တပ်မဟာမှူးက ပြောသည်။

“တနိုင်ငံလုံးနီးပါး လက်နက်ကိုင်တော်လှန်နေတဲ့ခုခေတ်ကာလမှာ လူမျိုးတိုင်းလိုလို လက်နက်ကိုင်အဖွဲ့အစည်းတိုင်းလိုလို ပါဝင်တော်လှန်နေတဲ့ဒီခေတ်ကာလမှာ ဒီတော်လှန်ရေးဟာ မုချ
အောင်မြင်မယ်လို့တော့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း တပ်မဟာမှူးက ပြောသည်။

အားလုံးစည်းစည်းလုံးလုံးတက်ညီလက်ညီလုပ်ဆောင်ပါက အာဏာရှင်စနစ်ကျရှုံးရေး ၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအမှန်တကယ်ရရှိမည်ဟုလည်း ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook