Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်း၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးဖြင့်တိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် ယနေ့ (ဧပြီလ ၆ရက်)နံနက်က တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ ဗုံးအသုံးပြု လေကြောင်းမှ တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအား စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဧပြီ၆၊ ၂၀၂၅။ စိုင်းနန်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာတွင် ယနေ့ (ဧပြီလ ၆ရက်)နံနက်က တိုက်ပွဲပြင်းထန်နေပြီး နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ ဗုံးအသုံးပြု လေကြောင်းမှ တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

တောင်းခမ်းကျေးရွာရှိ အမှတ်(၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)အနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် နေ့လယ် ၂နာရီခန့်က စစ်ကောင်စီတပ်သည် အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခြင်းဟု ဆိုသည်။

” မနက်က ဂျက်ဖိုက်တာလာပစ်တယ်။ တိုက်ပွဲမရှိတဲ့နေရာကို ပစ်တာ။ ဒီနေ့ခင်းကျ ဓာတုဗုံးသုံးတာ။ မနက်ပိုင်းတိုက်တုန်းကတော့ အိမ်တချို့ပျက်တယ်။ နေ့ခင်းပိုင်း အထိအခိုက်တော့ မသိရသေးပါ”ဟု တောင်းခမ်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ရက်ပေါင်း (၂၀)ကြာ ယာယီအပစ်ခတ်ရပ်‌ကြောင်း ကြေညာထားသော်လည်း စစ်ကောင်စီတပ်သည် TNLAအုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဧပြီ ၅ရက် နေ့လယ် ၂နာရီ ၁၀မိနစ်ခန့်ကလည်း TNLA ထိန်းချုပ်ထား‌သော မိုးကုတ်မြို့အား စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာတို့တွင် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် အများအပြားထိမှန်ပျက်စီးခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။