Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံရသော ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု PNAပြည်သူ့စစ်ဆို

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ နေအိမ်တစ်လုံး ငလျင်ဒဏ်ကြောင့် ပြိုကျနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

■PNAသည်ဆုံးရှုံးထားသောနယ်မြေများကို ပြည်သူများခက်ခဲနေချိန်အခွင့်ကောင်းယူ၍ ထိုးစစ်ဆင်ရန် ကြေညာခြင်းဟု တော်လှန်ရေးတပ်များပြော

ဧပြီ ၆၊ ၂၀၂၅၊ ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ကို စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ကြောင်းထိုးမည်ဟု စစ်ကောင်စီလက်အောက်ခံ PNA ပြည်သူ့စစ်က ယနေ့(ဧပြီ ၆ရက်)တွင် ကြေညာသည်။

ညောင်ရွှေမြို့နယ်သည် ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသတစ်ခုဖြစ်ပြီး သေဆုံးသည့်ဒေသခံ လူဦးရေ ၁၀၀ ထက်မနည်းရှိသော်လည်း PNAပြည်သူ့စစ်သည် ၎င်းတို့ဆုံးရှုံးထားသော နယ်မြေများကို ပြည်သူများခက်ခဲနေချိန်အခွင့်ကောင်းယူ၍ ထိုးစစ်ဆင်ရန် ကြေညာခြင်းဟု တော်လှန်ရေးတပ်ဖွဲ့အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် PNAပြည်သူ့စစ် စစ်ကြောင်းထိုးမည့် ကျေးရွာများမှာ ညောင်ရွှေမြို့နယ်တောင်ပိုင်း၊ အင်းလေးဒေသအောက်ဘက်ခြမ်းရှိ စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာနှင့် ညောင်လေးပင်ကျေးရွာ တို့ပါဝင်သည်။

” စကစနဲ့PNO/PNAပူးပေါင်းအဖွဲ့တွေကို ကျနော်တို့တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ထုတ်ခဲ့တဲ့ညောင်လေးပင်တိုက်ပွဲ ပြီးသည်အထိ ရွာအားလုံးမှာ ပြည်သူတွေ အေးအေး ဆေးဆေးကျနော်တို့နဲ့တသားတည်း နေခဲ့ကြတာပါ”ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်( အင်းလေး PDF) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

PNA‌ပြည်သူ့စစ်သည် ရေပူ၊အိမ်မူ၊နန်းတုပ်၊ ညောင်လေးပင်၊တောင်ပို့ကွဲ၊ကုန်းသာ၊ဟိုပန်၊ဘုရားတောင် စသည့်ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေယာဉ်၊ လက်နက်ကြီးများဖြင့် အရပ်သားပစ်မှတ်ထား ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ် လဆန်းပိုင်းကစ၍ PNO၏ တပ်ရင်း (၁)နှင့်တပ်ရင်း (၇)တို့သည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးသို့ ထိုးစစ်ဆင်ရာတွင် ထိခိုက်သေဆုံးမှုများဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

“အခုလိုမျိုးကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို သောင်းကျန်းသူတွေကြောင့် ရွာသားတွေမနေရပါဘူးလို့ပြောနေလုပ်နေတာက သူတို့ရဲ့လုပ်ရိုးလုပ်စဉ်တွေပါပဲ”ဟု ရှမ်းပြည်တောင်ပိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PNA ပြည်သူ့စစ်၏ ကြေညာချက်ကို ရှင်းပြသည်။

PNA ပြည်သူ့စစ်သည် အင်းလေးဒေသရှိ အရပ်သားပြည်သူများအား တိုက်ခိုက်ခဲ့သတ်ဖြတ်ခဲ့မှုများကို စနစ်တကျမှတ်တမ်းတင်ပြုစုထားကြောင်းလည်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက အသိပေးသည်။

” ဒီကိစ္စနဲ့ပတ်သက်ပြီး ‌တစ်နေသူတို့တာဝန်ရှိသူတွေ ကျူးလွန်သူအနေနဲ့တာဝန်ယူရမှာပဲ ကျနော်တို့လည်း အရေးယူဆောင်ရွက်မှုတွေလုပ်မှာပါ”ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်ကစ၍ PNO/PNAပြည်သူ့စစ် သည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး ၎င်း၏ နယ်မြေဖြစ်သည့် အထူးဒေသ(၆)မှ လူငယ်များကို အတင်းအဓမ္မပြည်သူ့စစ်အဖြစ်သွပ်သွင်းပြီး လူထုထံမှ ဆက်ကြေးများ ကောက်ယူလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။